နားထောင်ခြင်းသည် လူ အသီးအသီး၏ တာဝန် ဖြစ်ခြင်း။
လူကို ဖန်ဆင်းတော်မူသော အရှင်သည် ကျွန်ုပ်တို့ ကိုယ်ခန္ဓာ၏ လှုပ်ရှားနေသော စက်ကို စီစဉ်ထားတော်မူ၏။ အလုပ် ရှိသမျှကို အံ့သြဖွယ် သင့်တော်စွာ စီမံထားတော်မူ၏။ ၎င်းပြင် လူသည် ဘုရားသခင်၏ ပညတ်များကို လိုက်နာ စောင့်ရှောက်၍ ဘုရားသခင် နှင့်အတူ ကူညီ လုပ်ဆောင်လျှင်၊ ဘုရားသခင်က ဤ လူခန္ဓာစက်ကို ကျန်းမာစွာ လှုပ်ရှားနေစေရန် စောင့်ရှောက်တော်မူမည်ဟု မိမိ ကိုယ်တော်တိုင် ဂတိထားတော်မူ၏။ လူခန္ဓာစက်ကို အုပ်ချုပ် စီမံနေသော တရား ရှိသမျှတို့သည် ဘုရားသခင်၏ နှုတ်ကပတ်တော်ကဲ့သို့ပင် ဘုရားသခင် နှင့် မူလကပင် အစပြုလာသဖြင့် သဘောချင်း တူညီလျက် အရေးကြီးသည်ဟု ယူဆရမည်။ လူ၏ ကိုယ်ခန္ဓာ အဆောက်အဦးတွင် သီးခြားထားသော တရားဥပဒေများကို အမှုမထားဘဲ နေခြင်းဖြင့်၊ ထာဝရဘု ရား၏ အံ့သြဖွယ် စက်ကိရိယာကို အမှုမထားဘဲ ပြုမူသမျှသည် ဘုရားသခင်၏ တရားတော်ကို လွန်ကျူးခြင်းပင် ဖြစ်၏။ ကျွန်ုပ်တို့သည် သဘာဝ လောကကြီး၌ ဘုရားသခင်၏ လက်ရာတော်ကို ကြည့်မြင်၍ အလွန် ချီးမွမ်း ြမတ်နိုးနိုင်ကြသည်။ သို့ရာတွင် လူ၏ ကိုယ်ခန္ဓာ အဆောက်အဦးသည် အံ့သြဖွယ်ရာ အကောင်းဆုံး ဖြစ်ပေသည်။ CCB2 224.2
သဘာဝ၏ တရားများသည် ဘုရားသခင်၏ တရားများ ဖြစ်သောကြောင့်၊ ဤ တရားများကို သေချာစွာ လေ့လာဖို့ ကျွန်ုပ်တို့၌ တာဝန် ရှိကြောင်း ထင်ရှား၏။ ကျွန်ုပ်တို့ ကိုယ်ခန္ဓာနှင့် စပ်ဆိုင်သော ၎င်းပညတ်များကို လေ့လာ ကြည့်ရှုလျက် ၎င်းတို့အတိုင်း လိုက်နာရကြမည်။ ဤ အရာတို့ကို မသိနားမလည်ခြင်းသည် အပြစ် ဖြစ်၏။CCB2 225.1
ယောက်ျား၊ မိန်းမတို့သည် အမှန် ပြောင်းလဲခြင်း ရှိလာကြသောအခါ၊ ဘုရားသခင်သည် သူတို့ ကိုယ်ခန္ဓာ၌ တည်ထားသော အသက်ရှင်ရာ ပညတ်တရားများကို သူတို့သည် ဖြောင့်မှန်စွာ သတိပြု လိုက်နာကြလိမ့်မည်၊ ထိုသို့အားဖြင့် ကာယ၊ စိတ်ဉာဏ်၊ အကျင့်တို့နှင့် စပ်ဆိုင်၍ အားနည်း ယုတ်ညံ့စေသော အရာများကို ရှောင်ကြဉ်ရန် ကြိုးစားကြလိမ့်မည်။ ဤ ပညတ်တရားများကို လိုက်နာ ကျင့်ဆောင်ခြင်း အမှုသည် လူ အသီးအသီး၏ တာဝန် ဖြစ်စေရမည်။ တရားကို လွန်ကျူးခြင်းကြောင့် ဖြစ်ပေါ်လာသော ဒုက္ခများကို ကျွန်ုပ်တို့ ကိုယ်တိုင် ခံရကြမည်။ ကျွန်ုပ်တို့သည် မိမိတို့၏ အလေ့အကျင့် အပြုအမူများအတွက် ဘုရားသခင် ရှေ့တော်၌ ချေပ ပြောဆိုရကြမည်။ ထိုကြောင့် ကျွန်ုပ်တို့ မေးအပ်သော မေးခွန်းမှာ၊ “လောကသည် ဘယ်ကဲ့သို့ ပြောလိမ့်မည်နည်း” ဟူသော မေးခွန်း မဟုတ်။ “ကျွန်ုပ်သည ခရစ်ယာန်ဟု အခေါ်ခံနေလျက် ဘုရားသခင် ပေးသနားတော်မူသော ခန္ဓာ အိမ်ကို၊ မည်ကဲ့သို့ ပြုစုရမည်လဲ။ သန့်ရှင်းသော ဝိညာဉ်တော် ကျိန်းဝပ်တော်မူစေဖို့ ဗိမာန်တော် အဖြစ် ကျွန်ုပ်၏ ကိုယ်ခန္ဓာကို ကြည့်ရှု သဘောထားခြင်းအားဖြင့်၊ ကျွန်ုပ်တို့၏ အမြတ်ဆုံးသော လောကီ ကောင်းကျိုး နှင့် ဝိညာဉ်ရေး ကောင်းကျိုးအတွက် ကျွန်ုပ်သည် လုပ်ဆောင်ရမည်လော၊ သို့မဟုတ် လောကီ အကြံအစည်၊ အကျင့်ဓလေ့များအတွက် မိမိ ကိုယ်ကို စွန့်ရမည်လော” ဟူသော မေးခွန်း ဖြစ်ရမည်။CCB2 225.2