Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၈။—အားသစ် ဖြည့်ရန် ပျော်မြူးခြင်း။

    ခရစ်ယာန်တို့သည် ပျော်ရွှင်ခြင်းကို ဖြစ်စေသော အရာများစွာတို့ကို မိမိတို့ အလိုရှိသည်အတိုင်း ရရှိနိုင်သည်။ ၎င်းပြင် မည်ကဲ့သို့သော ပျော်မွေ့ဖွယ်ရာများသည် နည်းလမ်းကျ၍ မှန်ကန်ကြောင်းကို အသေအချာ တိကျစွာ ပြောနိုင်ကြသည်။ စိတ်သဘောကို မပျောက်လွင့် သို့မဟုတ် စိတ်ဝိညာဉ်ကို မယုတ်ညံ့စေမည့် ပျော်မြူးခြင်းမျိုး၊ စိတ်ပျက်ခြင်းကို မဖြစ်စေ၍၊ ကိုယ့် ဂုဏ်အသရေကို ပျက်စီးစေရန် သို့မဟုတ် အသုံးဝင်သော နည်းလမ်းကို တားဆီးရန် ဝမ်းနည်းဖွယ် အကြောင်းကို မဖြစ်စေခဲ့သော ပျော်မြူးခြင်းမျိုးတို့ကို သူတို့သည် ခံစားနိုင်ကြသည်။ သူတို့သည် သခင်ယေရှုကို မိမိတို့ နှင့်အတူ ယူဆောင်၍ ဆုတောင်းသော သဘောကို အမြဲ ထားရှိနိုင်လျှင်၊ ၎င်းတို့သည် လုံးလုံး ဘေးကင်းကြသည်။CCB2 101.1

    ဘုရားသခင်၏ ကောင်းကြီးမင်္ဂလာ သက်ရောက်လာရန် ယုံကြည်ခြင်းနှင့် တောင်းလျှောက်လျက် သင် ပြုလုပ်နိုင်သော ပျော်ရွှင်ခြင်း အမှုသည် ဘေးဖြစ်စေလိမ့်မည် မဟုတ်။ သို့ရာတွင် တိတ်ဆိတ်စွာ ဆုတောင်းခြင်း၊ ဆုတောင်းရာ ပလ္လင်၌ ဝတ်ပြုကိုးကွယ်ခြင်း သို့မဟုတ် ဆုတောင်း စည်းဝေး၌ ပါဝင်ခြင်းတို့တွင် သင့်အား ချွတ်ယွင်း ပျက်ကွက်စေသော ပျော်မွေ့ခြင်း အမှုသည် ဘေးမကင်း၊ ဒုက္ခရောက်စေတတ်၏။CCB2 101.2

    ကျွန်ုပ်တို့ကား၊ မြေကြီးပေါ်၌ နေ့စဉ် မိမိတို့၏ အသက်တာတွင် ဘုရားသခင်၏ ဘုန်းတော်ကို ထင်ရှားစေရန် အခွင့်ကို ရရှိထားသည်ဟု ယုံကြည်သော လူစားမျိုး၊ ကျွန်ုပ်တို့သည် ဤ လောက၌ မိမိတို့၏ ပျော်ရွှင်ရေး၊ မိမိတို့ ကိုယ်ကို နှစ်သိမ့်စေရေးအတွက်သာ အသက်ရှင်နေရကြသည် မဟုတ်ဟု ယုံကြည်သော လူစားမျိုး ဖြစ်ကြသည်။ ကျွန်ုပ်တို့သည် ဤ လောက၌ လူတို့၏ အကျိုးကို ရှာလျက် အဖွဲ့အစည်းအဖို့ ကောင်းကြီးမင်္ဂလာ ဖြစ်ရကြမည်။ အချည်းနှီးသော အရာ နှင့် မိုက်မဲခြင်းကို ရှာဖွေနေသော သူတို့သည် မိမိတို့၏ စိတ်ကို စွဲလမ်းနေစေကြသော အောက်ကျသော လမ်းကြောင်း၌ ကျွန်ုပ်တို့၏ စိတ်များကို စွဲလမ်းစေကြလျှင်၊ ကျွန်ုပ်တို့သည် မိမိတို့၏ လူမျိုး နှင့် အမျိုးအနွယ်အတွက် မည်ကဲ့သို့ အကျိုး ဖြစ်ထွန်းစေနိုင်ကြမည်နည်း။ ကျွန်ုပ်တို့ ပတ်လည်ရှိ အဖွဲ့အစည်းအဖို့ မည်ကဲ့သို့ မည်ကဲ့သို့ ကောင်းကြီးမင်္ဂလာ ဖြစ်စေနိုင်မည်နည်း။ ရိုးရိုး တာဝန်များကို သစ္စာရှိစွာ လုပ်ဆောင်ဖို့ ကျွန်ုပ်တို့အား မသင့်တော်စေမည့် ပျော်ရွှင်ခြင်း အမှု တစ်စုံတစ်ခုတွင် ကျွန်ုပ်တို့သည် အပြစ်ကင်းစွာ မပါဝင်နိုင်ကြ။CCB2 101.3

    ကိုယ်တိုင်ပင် မှန်ကန်သော အရာ များစွာ ရှိပါသည်။ သို့ရာတွင် စာတန်က ပြောင်းလွှဲထားသော အရာများသည် သတိ မရှိသော သူတို့အတွက် ထောက်ချောက် ဖြစ်ပေသည်။CCB2 102.1

    ပျော်မွေ့ခြင်းများတွင်၊ အခြားသော ကိစ္စများမှာ ကဲ့သို့ပင် ချုပ်တည်းခြင်း ရှိဖို့ များစွာ လိုပေသည်။ ၎င်းပြင် ဤ ပျော်မွေ့ခြင်းများ၏ အခြေအနေကို သေချာ စေ့စပ်စွာ ဆင်ခြင် စဉ်းစားရကြမည်။ ဤ ပျော်မွေ့ခြင်းတို့သည် ကိုယ်ခန္ဓာ၊ စိတ်သဘော နှင့် အကျင့်တို့ကို မည်ကဲ့သို့ ထိခိုက်စေလိမ့်မည်နည်းဟု လူငယ်တိုင်း မိမိ ကိုယ်ကို မေးမြန်းကြည့်ရမည်။ ကျွန်ုပ်၏ စိတ်သဘောသည် ဘုရားသခင်ကို မေ့လောက်အောင် လမ်းလွဲနေမည်လော။ ကျွန်ုပ်သည် ဘုရားသခင်၏ ဘုန်းတော်ကို ကျွန်ုပ်၏ ရှေ့မှ ကွယ်ပျောက်သွားစေမည်လော။1AH 512-514;.CCB2 102.2