Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မသင့်တော်သော အပြုအမူ။

    စိတ်နှလုံးကို မထီလေးစား ပြုခြင်း အမှုသည် သန့်ရှင်းသော ဘုရားသခင့် မျက်မှောက်တော်၌ သေးငယ်သော အဖြစ် မဟုတ်။ သို့ရာတွင် အချို့သော သူတို့သည် ပျိုရွယ်သော မိန်းမများကို နှစ်သက်သော လက္ခဏာကို ပြ၍ သူတို့၏ မေတ္တာကို ဖော်ပြပြီးလျှင်၊ မိမိတို့ သဘောအတိုင်း ပြုမူကြလျက်၊ မိမိတို့ ပြောဆိုသော စကားများ နှင့် ၎င်းတို့၏ အကျိုးအပြစ်ကို မေ့လျော့နေတတ်ကြသည်။ အသစ်သော မျက်နှာများကို သူတို့သည် စွဲလမ်းကြပြန်လျက် အလားတူ စကားများကို ထပ်မံ ပြော၍ အခြားသော သူအား အလားတူ ဂရုစိုက်လာကြပြန်၏။CCB2 23.1

    ဤကဲ့သို့သော သဘောမျိုးသည် အိမ်ထောင်ပြုပြီးသော အသက်တာ၌ပင် ထင်ရှားစေတတ်၏။ အိမ်ထောင်ပြုခြင်းဖြင့် လှုပ်ရှားနေသော စိတ်ကို အမြဲသဖြင့် မတည်မြဲစေပါ။ စိတ်လှုပ်ရှားသူအား အခြေခံ တရားများ၌ တည်မြဲခြင်း၊ သစ္စာရှိခြင်းကို မဖြစ်စေပါ။ သူတို့သည် တည်မြဲမှု၌ ငြီးငွေ့လာသဖြင့်၊ မကောင်းသော အပြုအမူတို့တွင် မကောင်းသော အကြံအစည်ကို ထင်ရှားစေကြလိမ့်မည်။ ထိုအခါ စာတန်သည် ဖြောင့်မတ်သော လမ်းမှ သူတို့အား သွေးမဆောင်နိုင်မည် အကြောင်း၊ သူတို့၏ စိတ်ကို ခါးစည်းကဲ့သို့ မြဲမြံစေလျက် သူတို့၏ အကျင့်ကို စောင့်ရှောက် ကာကွယ်ဖို့ ငယ်ရွယ်သူတို့အတွက် မည်မျှ လိုအပ်သနည်း။CCB2 23.2

    သူမ၏ မိဘများ မသိဘဲ မိန်းမပျို တစ်ယောက်နှင့် ပေါင်းသင် ဆက်ဆံ မိတ်ဆွေဖွဲ့သော လူငယ်သည် ထို မိန်းမပျို သို့မဟုတ် သူမ၏ မိဘများ အပေါ်၌ မြင့်မြတ်သော ခရစ်ယာန် အပြုအမူကို မပြချေ။ လျှို့ဝှက်စွာ ဆက်သွယ် တွေ့ဆုံခြင်းအားဖြင့် သူမ၏ စိတ်ကို ဆွဲဆောင်သော သတ္တိကို သူသည် ရရှိနိုင်သော်လည်း၊ ဘုရားသခင်၏ သားသမီးတိုင်း၌ ရှိအပ်သော မြင့်မြတ်၊ ဖြောင့်မတ်ခြင်း သဘောကို ထိုသို့ ပြုရာ၌ မထင်ရှားစေပါ။ သူတို့၏ ရည်ရွယ်ချက် ပြည့်စုံစေရန် သူတို့သည် မထင်မရှားသော အမှု၊ ကျမ်းစာ၏ စံနမူနာနှင့် မညီညွတ်သော အမှုကို ပြုကြသဖြင့်၊ သူတို့ကို ချစ်၍ သူတို့ အပေါ်၌ သစ္စာ စောင့်ရှောက်ရန် ကြိုးစားသော သူတို့ အပေါ်၌ သူတို့သည် သစ္စာ မရှိကြောင်း ဖော်ပြကြ၏။ ထိုသို့သော အပြုအမူမျိုးအားဖြင့် မင်္ဂလာဆောင်ခြင်း အမှုသည် ဘုရားသခင်၏ နှုတ်ကပတ်တော်နှင့် မညီညွတ်ချေ။ သမီး တစ်ယောက်အား တာဝန်ကို ပျက်ကွက်စေလျက် ဘုရားသ ခင်၏ သေချာ ထင်ရှားသော အမိန့်အတိုင်း မိဘ စကားကို နားထောင်၍ မိဘကို ရိုသေသော သူမ၏ စိတ်ကို ရှုပ်ထွေးစေသော သူသည် အိမ်ထောင် တာဝန်၌ သစ္စာ မရှိသော သူ ဖြစ်လိမ့်မည်။CCB2 23.3

    ကျောက်ပြားများ ပေါ်၌ ဘုရားသခင်၏ လက်ညှိုးတော်ဖြင့် “သင်သည် မခိုးရဟု” ရေးထား၏။ သို့သော် လျှို့ဝှက်စွာ မေတ္တာကို ခိုးယူခြင်း အမှုကို မည်မျှ ပြုကျင့်လျက် ခွင့်လွှတ်နေကြပြီနည်း။ လှည့်ဖြားသော လူပျိုလှည့်ခြင်းကို ထင်ရှားစေလျက် လျှို့ဝှက်စွာ ဆက်သွယ် တွေ့ဆုံမှုကို ပြုကြသဖြင့် အဆုံး၌ ဗဟုသုတ မရှိ၊ ဤအရာတို့မှ မည်ကဲ့သို့သော အမှုအရာ ဖြစ်ပေါ်လာမည်ကို မသိသော သူသည် မိဘတို့ ထံမှ မိမိ၏ မေတ္တာကို ခွဲခွာလာစေပြီးလျှင်၊ မိမိ ပြုသော အမှုအားဖြင့် သူမ၏ အချစ်နှင့် မထိုက်တန်သော သူ ဖြစ်ကြောင်းကို ပြသော သူ အပေါ်သို့ သူမ၏ ချစ်ခြင်း မေတ္တာကို ပုံအပ်ရသော အခြေသို့ ရောက်လာလေ၏။ ကျမ်းစာက မဖြောင့်မှန်သော အမှုမျိုးတိုင်းကို အပြစ်တင်လျက် ရှိ၏။CCB2 24.1

    မိမိတို့၏ အသက်တာ၌ ဖြောင့်မတ် တည်ကြည်ခြင်း ရှိ၍ အခြား အကြောင်းအရာတိုင်းကို သိရှိနားလည်သည်ဟု ထင်မှတ်လျက် ခရစ်ယာန်ဟု အခေါ်ခံနေသော သူတို့သည် ဤ နေရာ၌ ကြောက်မက်ဖွယ် အမှားကို ပြုကြသည်။ သူတို့၌ သေချာ ဆုံးဖြတ်ထားသော အလိုဆန္ဒ ရှိကြသဖြင့်၊ ၎င်းဆန္ဒကို အကြောင်းပြခြင်းဖြင့် ပြောင်းလဲနိုင်မည် မဟုတ်။ သူတို့သည် လူ၏ ထင်မြင် တိုက်တွန်းချက်ကို အလွန် နှစ်သက် သဘောကျနေကြ သဖြင့် သူတို့တွင် ကျမ်းကို သေချာစွာ စစ်ဆေးရှာဖွေ လိုသော စိတ် မရှိကြ၊ ဘုရားသခင်နှင့် ရင်းနှီးစွာ ဆက်သွယ် လိုသော စိတ် မရှိကြ။CCB2 24.2

    ပညတ်တော် ဆယ်ပါးတွင် တစ်ပါးကို ကျူးလွန်ခဲ့သော အခါ၊ ဆက်လက် ကျူးလွန်ရန် ခြေလှမ်းများသည် သေချာသလောက် ဖြစ်၏။ မိန်းမတို့၏ ဣန္ဒြေကို ကာကွယ်ထားသော အရာသည် တစ်ကြိမ် ပျက်စီးသွားပါက၊ အယုတ်ဆုံးသော ကာမဂုဏ် လွန်ကျူးခြင်း အမှုသည် အလွန် အပြစ် ကြီးသည်ဟု မထင်ရချေ။ ယခုခေတ်လောကတွင် မကောင်းမှုအတွက် မိန်းမ၏ သြဇာညောင်းခြင်းကြောင့် ကြောက်မက်ဖွယ်ရာ အကြောင်းအရာများကို မြင်ရကြပြီတကား၊ “အမျိုးပျက်သော မိန်းမ” တို့၏ သွေးဆောင်ခြင်းအားဖြင့် ထောင် ပေါင်းများစွာသော သူတို့သည် ထောင်ကျနေကြ၍ များစွာသော သူတို့သည် မိမိတို့ ကိုယ်ကို သတ်သေကြလျက် အများသော သူတို့သည် အခြားသော သူတို့၏ အသက်ကို တိုစေကြသည်။ “သူ၏ ခြေတို့သည် သေခြင်းသို့ ဆင်း၍ သူ သွားရာလမ်းသည် မရဏာနိုင်ငံသို့ ရောက်တတ်၏” ဟု ဝိညာဉ်တော်အားဖြင့် နှုတ်ကပတ်တော်တွင် ရေးသားထားသော စကားများသည် မည်မျှ မှန်ကန်သနည်း။CCB2 24.3

    ဘေးဥပဒ် များ၍ တားမြစ်ထားသော နေရာသို့ လူတို့အား မသွားစေရန် အသက်တာ လမ်းခရီး၏ ဘေး တစ်ဖက်တစ်ချက်တွင် သတိပေးသော မီးတိုင်များကို ထွန်းညှိထားပါသည်။ သို့ရာတွင် ဤ အရာကို ဂရုမစိုက်၊ ဆင်ခြင်တုံးတရားကို ဆန့်ကျင်လျက် ဘုရားသခင်၏ ပညတ်တော်ကို အမှုမထားဘဲ ဘုရားသခင်၏ လက်စားချေတော်မူခြင်းကို မထီမဲ့မြင်ပြုလျက် လူထုတို့သည် သေစေသော လမ်းကို ရွေးချယ်ကြလေပြီ။CCB2 25.1

    ကိုယ်ကာယ ကျန်းမာရေး၊ ထက်မြက်သော ဉာဏ်စွမ်း နှင့် ကောင်းမြတ်သော အကျင့်တို့ကို တည်မြဲနေစေဖို့ အလိုရှိသော သူတို့သည် “လူပျိုတို့၏ ကိလေသာ တပ်မက်ခြင်း စိတ်ကို ရှောင်” ရကြမည်။ ကျွန်ုပ်တို့အထဲတွင် ရဲရင့်စွာ ထကြွလျက် ရှိသော ဆိုးညစ်ခြင်း အမှုကို စိတ်အားကြီးစွာ သေသေချာချာ တားမြစ်ရန် ကြိုးစားနေသော သူတို့အား အမှားကို ပြုလုပ်နေသူတို့က မုန်း၍ အမျက်ထွက်နေကြသော်လည်း၊ ဘုရားသခင်သည် သူတို့ကို ချီးမြှောက်၍ အကျိုးကို ပေးတော်မူလိမ့်မည်။ 1AH 43-57, 70-75.CCB2 25.2