Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခြား ဂိုဏ်းမှ အမှုဆောင်များ နှင လူစုတို့အား စကားပြောဆိုခြင်း။

    သင်သည် အခြားသော စည်းဝေးဇရပ်များတွင် ဟောပြောခွင့် ရကောင်း ရလိမ့်မည်။ ဤ အခွင့်အရေးများကို တိုးလာအောင် ပြုရာ၌၊ “ထိုကြောင့် သင်တို့သည် မြွေကဲ့သို့ လိမ္မာလျက် ချိုးငှက်ကဲ့သို့ အဆိပ်ကင်းလျက် ရှိကြလော့” ဟူသော ကယ်တင်ရှင်၏ စကားတော်များကို သတိရကြပါ။ ရန်သူ၏ အလွန် မုန်းသော သဘောကို အပြစ်တင်သော စကားများဖြင့် ဆွမပေးပါနှင့်။ ထိုသို့ပြုလျှင် သင်သည် သမ္မာတရားကို ဝင်ရောက်စေသော တံခါးတို့ကို ပိတ်သွားစေလိမ့်မည်။ ရှင်းလင်း ထိရောက်သော သတင်းစကားများကို ပြောရကြမည်။ ဆန့်ကျင်ဖက် သဘောများ ပေါ်လာအောင် ဆွပေးခြင်း အမှုကို ရှောင်ကြဉ်ပါ။ ကယ်တင်ရမည့် ဝိညာဉ် အများ ရှိပေသည်။ ကြမ်းတမ်း သော စကားများကို မပြောပါနှင့်။ အပြောအဆို အပြုအမူတို့တွင် ကယ်တင်ခြင်းကို ဖြစ်စေဖို့ သတိပညာ ရှိလျက် သင်နှင့် ဆက်သွယ် တွေ့ကြုံရသော သူအပေါင်းအား သခင်ခရစ်တော် အကြောင်းကို ထင်ရှားပါစေ။ လူအပေါင်းတို့အား ငြိမ်သက်ခြင်း နှင့် မေတ္တာကရုဏာကို ဖြစ်စေသော ဧဝံဂေလိတရားကို ဟောပြောအံ့သောငှါ ပြင်ဆင်သော ခြေနင်းကို သင်၏ ခြေ၌ စီးထားသည်ကို လူအပေါင်းတို့သည် မြင်နိုင်ကြပါစေ။ ကျွန်ုပ်တို့သည် သခင်ခရစ်တော်၏ ဝိညာဉ်တော်နှင့် ပြည့်ဝလျက် အမှုတော်ကို ဆောင်ရွက်ကြလျှင်၊ အံ့သြဖွယ် ကောင်းသော အကျိုးကျေးဇူးတို့ကို ကျွန်ုပ်တို့သည် မြင်ရကြလိမ့်မည်။ ကျွန်ုပ်တို့သည် အမှုတော်ကို ဖြောင့်မတ်ခြင်း၊ ကရုဏာ နှင့် မေတ္တာဖြင့် တိုးတက် ဆောင်ရွက်ကြလျှင်၊ ကျွန်ုပ်တို့၌ လိုသော အရာများတွင် အကူအညီကို ရရှိကြလိမ့်မည်။ သမ္မာတရားသည် ဝမ်းမြောက်ခြင်း နှင့် အောင်ပွဲကို ရရှိလိမ့်မည်။4Ev 563, 564;CCB2 319.2

    အခြား အသင်းတော်မှ အမှုတော်ဆောင်များအတွက် လုပ်ဆောင်ရန် ကျွန်ုပ်တို့၌ အလုပ် တစ်ခု ရှိသည်။ ဘုရားသခင်သည် သူတို့အား၊ ကယ်တင်ခြင်း ရရှိစေခြင်းငှါ အလိုရှိတော်မူ၏။ သူတို့သည် ကျွန်ုပ်တို့ ကိုယ်တိုင်ကဲ့သို့ ယုံကြည်ခြင်း၊ နားထောင်ခြင်းအားဖြင့်သာ မသေနိုင်သော အဖြစ်ကို ရရှိနိုင်ကြသည်။ သူတို့သည် ၎င်းတို့ကို ရရှိနိုင်မည် အကြောင်း ကျွန်ုပ်တို့သည် သူတို့အတွက် စိတ်အားထက်သန်စွာ အမှုဆောင်ရွက်ရကြမည်။ ဤ ခေတ်ကာလအတွက် ဘုရားသခင်၏ ထူးခြားသော အလုပ်တွင် သူတို့အား ပါဝင် ရွက်ဆောင်စေရန် ဘုရားသခင်သည် အလိုရှိတော်မူ၏။ ဘုရားသခင် အိမ်ထောင်တွင် အချိန်တန်လျှင် စားစရာကို ပေးရသော သူတို့တွင် သူတို့ကို ပါဝင်စေဖို့ ဘုရားသခင်သည် အလိုရှိတော်မူ၏။ ကျွန်ုပ်တို့၏ အမှုတော်ဆောင်တို့သည် အခြား အသင်း၊ ဂိုဏ်းများမှ အမှုတော်ဆောင်တို့ထံ ချဉ်းကပ်ဖို့ ကြိုးစားကြရမည်။ ဤ သူတို့အတွက်သော် လည်းကောင်း၊ သူတို့နှင့် လည်းကောင်း ဆုတောင်းပါ၊ သခင်ခရစ်တော်သည် သူတို့အတွက် ကြားဖြန်ဖြေလျက် နေတော်မူ၏။ သူတို့၏ တာဝန်သည် အလွန် ကြည်ညိုဖွယ် အရေးကြီးပေသည်။ သခင်ခရစ်တော်၏ စေတမန်များ အဖြစ်နှင့် ကျွန်ုပ်တို့သည် ဤ သိုးထိန်းတို့တွင် အလွန် လေးနက်စွာ စိတ်ဝင်စားမှု ရှိအပ်ကြသည်။ 56T 77, 78; ကျွန်ုပ်တို့၏ အမှုတော်ဆောင်များသည် အခြား အသင်းမှ အမှုတော်ဆောင်များအတွက် ထူးခြားသော အလုပ်ကို ဆောင်ရွက်ရကြမည်။ သူတို့သည် ထိုသူတို့နှင့် ငြင်းခုံခြင်း မပြုရဘဲ၊ မိမိတို့၏ ကျမ်းစာအုပ်များကို ကိုင်လျက် ထိုသူတို့အား နှုတ်ကပတ်တော်ကို လေ့လာ ဆည်းပူးရန် တိုက်တွန်း နှိုးဆော်ရကြမည်။ ဤသို့ ပြုကြလျှင် ယခု အမှားကို ဟောပြောနေသော်လည်း၊ ဤ ခေတ်ကာလအတွက် သမ္မာတရားကို ဟောပြောကြမည့် အမှုဆောင် များစွာ ရှိလာလိမ့်မည်။ 6Fv 562.CCB2 320.1

    * * * * *