Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မင်္ဂလာဆောင်ရန် စဉ်းစားနေသူတို့ အဖ သတိပေးချက်များ။

    ငယ်ရွယ်သူတို့သည် စိတ်၏ တိုက်တွန်းချက်ကို လုံးလုံး အားကိုးတတ်ကြသည်။ သူတို့သည် ရည်းစားများ၏ နှစ်သက်ဖွယ် ပြင်ပ လက္ခဏာအားဖြင့် အလွန် လွယ်ကူစွာ စွဲမက်သွားခြင်း သို့မဟုတ် ဖမ်းစားခြင်း မခံသင့်ကြချေ။ ယခုခေတ်ကာလ၌ လူပျိုလှည့်ခြင်း ကိစ္စတွင် လှည့်ဖြားခြင်း နှင့် လျှို့ဝှက်ခြင်း နည်းကို အသုံးပြုကြသဖြင့်၊ ဤ နည်းသည် ထာဝရဘုရားထက် ဝိညာဉ်၏ ရန်သူ အသုံးပြုသော နည်း ဖြစ်ပေသည်။ အခြား နေရာမှာထက် ဤ နေရာတွင် ကောင်းသော ဆင်ခြင် ဉာဏ်ကို အသုံးပြုရမည်။ သို့ရာတွင် ဤ ကိစ္စ၌ ဤ ဉာဏ်မျိုးကို အနည်းငယ်မျှ အသုံးမပြုကြပါ။CCB2 21.2

    ချစ်ဝေဒနာ လွှမ်းမိုးနေသော စိတ်နှင့် စိတ်ကူးယဉ်နေခြင်း အမှုကို နူနာ ကဲ့သို့ သတိပြု ကာကွယ်ရမည်။ လောကတွင် ဤ ခေတ်ကာလ၌ အများသော ယောက်ျားကလေး နှင့် မိန်းကလေးတို့တွင် သီလ ကင်းမဲ့နေကြသည်။ ထို ကြောင့် သတိကြီးစွာ ထားဖို့ သင့်ပေသည်။ သူတို့၌ အခြား လိုအပ်သော အရည်အချင်းများ မရှိခဲ့သော်လည်း၊ ကောင်းသော အကျင့်သီလနှင့် ပြည့်စုံသော သူတို့သည် အကျင့်သီလ၌ အကယ်ပင် အဖိုးတန်သော သူများ ဖြစ်ကြသည်။CCB2 21.3

    လောကတွင် ဤ ခေတ်ကာလ၌ လူငယ်တို့သည် စိတ်ကူးယဉ်ခြင်း အမှု၌ နုနယ်လျက် ဘာသာရေး ဗဟုသုတတွင်လည်း နည်းပါးကြ၏။ ကျွန်ုပ်၏ ညီမ၊ ဘုရားသခင်သည် သင့်အား ပြောင်းလဲစေခြင်းငှါ အလိုရှိတော်မူ၏။ သင်တို့၏ ချစ်ခြင်းမေတ္တာ ကိစ္စကို မြှင့်တင်ပါဟု ကျွန်ုပ် တောင်းပန်ပါသည်။ သင့်ကို ဝယ်တော်မူသော ရွေးနှုတ်ရှင်အတွက် သင်၏ စိတ်ခွန်အား၊ ကာယ ခွန်အားကို အသုံးပြုပါ။ သင်၏ အမှုကိစ္စ အပေါင်းတို့သည် ဘုရားသခင်၌ ဖြစ်ပေါ်လာမည် အကြောင်း သင်၏ အကြံအစည် နှင့် စိတ်ကူးများကို သန့်ရှင်းပါစေ။CCB2 22.1

    လူပျိုလှည့်ခြင်းဖြင့် ညအချိန်ကို အများအားဖြင့် ကုန်လွန်စေကြသော သူတို့ကို စာတန်၏ တမန်တို့သည် စောင့်ကြည့်နေကြသည်။ သူတို့သည် မိမိတို့၏ မျက်စိကို အသေအချာ ဖွင့်ကြည့်နိုင်ကြလျှင်၊ သူတို့၏ အပြောအဆို၊ အပြုအမူတို့ကို ကောင်းကင်တမန် တစ်ပါးသည် ရေးမှတ်နေသည်ကို မြင်ရကြလိမ့်မည်။ ကျန်းမာခြင်း စည်းကမ်း နှင့် ကာယိန္ဒြေ ဥပဒေများကို လွန်ကျူးကြပြီ။ လက်မထပ်ခင် လူပျိုလှည့်ချိန်၌ ပြုတတ်သော အမှုများကို လက်ထပ်ပြီးမှ ပြုသင့်ပေသည်။ သို့ရာတွင် အများအားဖြင့် လူပျိုလှည့်ချိန် အခါမှာပင် ပြုတတ်သော အမှုတို့သည် လက်ထပ်သော အခါပြီးဆုံးသွားတတ်ကြသည်။CCB2 22.2

    စာတန်သည် မည်ကဲ့သို့ ပြုလုပ်ရမည်ကို သိနားလည်၍ ဝိညာဉ်များကို ပျက်စီးစေရန် အကြံအစည် အမျိုးမျိုးတွင် မိမိ၏ နတ်ဆိုးဉာဏ်ကို ထင်ရှားစေ၏။ သူသည် ခြေလှမ်းတိုင်းကို စောင့်ကြည့်လျက် အကြံအစည် အမျိုးမျိုးကို ဖော်ပြ၏။ ၎င်းပြင် မကြာခဏ ဘုရားသခင့် နှုတ်ကပတ်တော်၏ အကြံဉာဏ်ထက် ဤ အကြံအစည်များကို လိုက်နာတတ်ကြသည်။ ငယ်ရွယ်၍ သတိ မရှိသော သူတို့ကို ဖမ်းမိစေခြင်းငှါ အလွန် သေချာ ကောင်းမွန်စွာ ယက်ထား၍ ဘေးရောက်စေသော ပိုက်ကွန်ကို ကျင်လည်စွာ ပြင်ဆင်ထား၏။ မကြာခဏ အလင်း နှင့် ဖုံးအုပ်ထားသကဲ့သို့ အယောင်ဆောင် ထားသော်လည်း၊ ၎င်းကို တိုးဝင်သော သူတို့သည် များစွာ ဝမ်းနည်းခြင်းနှင့် တွေ့ကြုံရကြ၏။ အဆုံး၌ နေရာတိုင်းတွင် ပျက်စီးနေသော လူသတ္တာဝါတို့ကို ကျွန်ုပ်တို့ တွေ့ရကြသည်။CCB2 22.3