Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အကျင့်စာရိတ္တ ဖြစ်ပွားလာခြင်းသည် အရေးကြီးခြင်း။

    ဘုရားသခင်၏ ပုံစံ နမူနာအတိုင်း သားသမီးတို့၏ အကျင့်စာရိတ္တကို ပြုပြင်ပေးရန် ဘုရားသခင်က မိဘတို့အား မိမိတို့၏ အလုပ် တာဝန်ကို ပေးထားတော်မူ၏။ ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် သူတို့သည် လုပ်ငန်းကို ဖြစ်မြောက်စေနိုင်၏။ သို့ရာတွင် သည်းခံ၍ ပင်ပန်းခံလျက် ကြိုးစားဖို့ လိုပေသည်။ ၎င်းပြင် အလိုဆန္ဒကို လမ်းညွှန်ပေး၍ အလိုရမ္မက်များကို တားဆီး ပိတ်ပင်ပေးရန် တည်ကြည် မြဲမြံခြင်းနှင့် သေချာစွာ ဆုံးဖြတ်နိုင်ခြင်း သဘောကိုလည်း လိုပေသေးသည်။ အလိုအလျောက် ပစ်ထားသော လယ်ကွက်သည် ဆူးပင်တောပင်များကို ပေါက်စေ၏။ အသုံးကျ၊ လှပသော အရာတို့ကို အလိုရှိသော သူသည် ပထမဦးစွာ မြေကြီးကို ပြုပြင်၍ မျိုးစေ့ကို စိုက်ပျိုး ပြုစုရမည်။ ထိုနောက် အပင်ငယ် ပတ်လည်တွင် တူးဆွ၍ တောပင်များကို ပယ်ရှားပြီး မြေကြီးကို နူးညံ့အောင် ပြုပြင်ပေးရမည်။ ထိုအခါ အဖိုးတန်သော အပင်သည် ကြီးပွား၍ မိမိ ပြုစု လုပ်ကိုင်ခြင်း၏ အကျိုးကို များစွာ ရရှိလိမ့်မည်။CCB2 186.2

    လူသတ္တဝါတို့အား အပ်နှံထားသော အရေးအကြီးဆုံး အလုပ်သည် အကျင့်စာရိတ္တကို တည်ဆောင် ပြုပြင်ခြင်း အမှု ဖြစ်သည်။ ၎င်းပြင် အထက်က ယခုလောက် ကြိုးစား လေ့လာဖို့ အရေးမကြီးခဲ့ဘူးချေ။ လွန်ခဲ့သော ကာလရှိ လူမျိုးတို့အား ယခုလောက် ဤ ကိစ္စကို အကြီးအကျယ် အခွင့်အရေးယူဖို့ ဘယ်အခါမျှ ခေါ်ဖိတ်တော် မမူခဲ့ချေ။ ပျိုရွယ်သော ယောက်ျားကလေး နှင့် မိန်းမကလေးများသည် ယခု ခေတ်တွေ့ကြုံသော ဘေးဥပဒ်ကြီးများလောက် ရှေ့အခါက မတွေ့ကြုံခဲ့ဘူးကြချေ။26CG 169;CCB2 186.3

    အကျင့်စာရိတ္တခွန်အားတွင် အချက် နှစ်ချက် ပါဝင်၏။ စိတ်အလိုဆန္ဒနှင့် ဆိုင်သော စွမ်းအားနှင့် ကိုယ်ကို ချုပ်တည်းခြင်း စွမ်းအားတို့ ဖြစ်သည်။ အများသော လူငယ်တို့က ပြင်းထန်၍ မချုပ်တည်းဘဲ ထားသော ရမ္မက်ကို စာရိတ္တ ခွန်အား အဖြစ်နှင့် အမှားယူဆတတ်ကြသည်။ သို့ရာတွင် အမှန်မှာ မိမိ၏ ရမ္မက်အားဖြင့် စိုးမိုးခြင်း ခံရသော သူသည် အားနည်းသော သူ ဖြစ်၏။ လူ၏ ကြီးကျယ် မြင့်မြတ်ခြင်း အစစ်အမှန်ကို၊ သူ့အား ထင်မြင်ချက်တို့က နှိမ်နင်းခြင်း သတ္တိအားဖြင့် မဟုတ်ဘဲ သူက ထင်မြင်ချက်တို့ကို နှိမ်နင်းနိုင်ခြင်း သတ္တိအားဖြင့် ချင့်ချိန်ရ၏။ ခွန်အား အကြီးဆုံးသော သူသည် ညှဉ်းဆဲ ခံနေရခြင်းကို သိရှိသော်လည်း၊ မိမိ ဒေါသကို ချုပ်တည်း၍ ရန်သူ၏ အပြစ်ကို လွှတ်သော သူ ဖြစ်၏။ ထိုသို့သော သူတို့သည် သူရဲကောင်း အစစ်အမှန် ဖြစ်ကြ၏။CCB2 187.1

    အများသော သူတို့သည် ဘုရားသခင်ပေးတော်မူသော အစွမ်းသတ္တိများကို အသုံးပြုကြလျှင်၊ သူတို့သည် မြင့်မြတ်သော အကျင့်စာရိတကို ဖြစ်ပွားစေလျက် ဝိညာဉ်များကို သခင်ခရစ်တော်အတွက် အောင်မြင် ရရှိစေရန် သြဇာညောင်းနိုင်သောအခါ၊ မိမိတို့သည် မည်ကဲ့သို့ ဖြစ်လာလိမ့်မည်နည်း ဟူသော သေးနုပ်သော ထင်မြင်ချက်များ ရှိတတ်သဖြင့် သူတို့သည် ညံ့ဖျင်း၍ အမြင်ကျဉ်းလျက် ရှိကြလိမ့်မည်။ အသိပညာသည် တန်ခိုးနှင့် ပြည့်စုံ၏။ သို့ရာတွင် ဉာဏ်အစွမ်းသတ္တိသည် ကောင်းမြတ်သော စိတ်နှလုံး မရှိလျှင် ဆိုးသော အရာအတွက် ခွန်အား သတ္တိ ဖြစ်လာ၏။CCB2 187.2

    ဘုရားသခင်သည် ကျွန်ုပ်တို့အား ဉာဏ်ခွန်အား နှင့် အကျင့်စာရိတ္တ ခွန်အားကို ပေးတော်မူ၏။ သို့ရာတွင် အများအားဖြင့် လူတိုင်းသည် မိမိ ကိုယ်တိုင်၏ အကျင့်စာရိတ္တကို တည်ဆောက်ရသော ဗိဿုကာ ဆရာ ဖြစ်ကြ၏။ နေ့စဉ်နေ့တိုင်း အဆောက်အဦးသည် တိုးတက်လာ၏။ ကျွန်ုပ်တို့၏ အဆောက်အဦးကို ထာဝရကျောက် တည်းဟူသော သခင်ခရစ်တော် အပေါ်၌ အခြေတည်ကြောင်းကို သိရှိရန်၊ ကျွန်ုပ်တို့သည် မည်ကဲ့သို့ တည်ဆောက်သည်ကို သတိပြုဖို့ ဘုရားသခင်၏ နှုတ်ကပတ်တော်က ကျွန်ုပ်တို့အား သတိပေးထား၏။ ကျွန်ုပ်တို့ ပြုလုပ်သော အမှုသည် ပြုလုပ်သည်အတိုင်း တည်ရှိကြောင်း ထင်ရှားစေမည့် အချိန်သည် ရောက်လာတော့မည်။ လူအပေါင်းတို့သည် ဤ ဘဝ၌ အသုံးကျ၍ နောင်ဘဝတွင် မြင့်မြတ်သော အသက်တာကို ရရှိရန် အကျင့်စာရိတ္တကို ပြုပြင်နိုင်ကြမည် အကြောင်း၊ ဘုရားသခင် ပေးတော်မူသော စွမ်းအား သတ္တိများကို ပြုပြင် ပြုစုဖို့ အချိန်သည် ယခု အချိန် ဖြစ်သည်။CCB2 187.3

    အသက်တာ၏ အပြုအမှု ရှိသမျှသည် အရေးမကြီးလှသော်လည်း၊ အကျင့်စာရိတ္တ ပြုပြင်ရေးတွင် သြဇာညောင်းစေ၏။ ကောင်းမြတ်သော အကျင့်သည် လောကီ ဘဏ္ဍာထက် သာ၍ အဖိုးထိုက်တန်ပြီး ၎င်းကို ပြုပြင်ပေးခြင်း အမှုသည် လူများ ပြုလုပ်နိုင်သော အမှုတွင် အမြင့်မြတ်ဆုံး ဖြစ်၏။CCB2 188.1

    အခြေအနေအားဖြင့် ဖြစ်ပေါ်လာသော အကျင့်စာရိတ္တများသည် ပြောင်းလဲတတ်၍ မညီမညွတ် ရှိတတ်သည်။ ဆန့်ကျင်ဖက် ဖြစ်သော အရာများ စုရုံးနေသော အစိုင်အခဲ တစ်ခု ဖြစ်၏။ ၎င်းတို့ကို ပိုင်ဆိုင်သော သူ၌ အသက်တာတွင် မြင့်မြတ်သော ရည်ရွယ်ချက် သို့မဟုတ် အကြံအစည် မရှိချေ။ သူတို့သည် အခြားသူတို့၏ အကျင့်စာရိတ္တပေါ်၌ မြင့်မြတ်သော သြဇာညောင်းမှုကို မပြုလုပ်နိုင်ကြ။ သူတို့၌ ရည်ရွယ်ချက် မရှိ၊ စွမ်းအား သတ္တိ မရှိချေ။CCB2 188.2

    ဤ ဘဝ၌ ကျွန်ုပ်တို့အား ပေးထားသော တိုတောင်းသော အနည်းငယ်သော အသက်တာကို သတိပညာနှင့် တိုးပွားစေရမည်။ ဘုရားသခင်သည် မိမိ၏ အသင်းတော်အား အသက်ရှင် တည်မြဲ၍ ဘုရားတရားကို ကြည်ညိုလျက် အမှု ဆောင်ရွက်နေသော အသင်းတော် ဖြစ်စေဖို့ အလိုရှိတော်မူ၏။ သို့ရာတွင် ကျွန်ုပ်တို့၏ လူများသည် အဖွဲ့အစည်း တစ်ခု အနေနှင့် ယခု ဤကဲ့သို့ ပြုကျင့်ခြင်း မရှိကြ။ ဘုရားသခင်သည် ခိုင်ခံ့၍ ရဲရင့်သော ဝိညာဉ်များ၊ အမြဲ လှုပ်ရှား လုပ်ကိုင်လျက် အသက်ရှင် မြဲမြံသော ခရစ်ယာန်များ၊ မှန်သော ပုံသက်သေ တည်းဟူသော သခင်ခရစ်တော်၏ ခြေတော်ရာကို လိုက်လျှောက်သော သူများ၊ ဘုရားသခင်နှင့် မှန်ကန်သော အမှုအတွက် သေချာသော သြဇာညောင်းမှုကို ဖြစ်စေမည့် လူများကို ခေါ်လျက် နေတော်မူ၏။ ထာဝရဘုရားသည် သန့်ရှင်းသော တာဝန် အဖြစ်နှင့် အလွန် အရေးကြီး၍ ကြည်ညိုဖွယ် ဖြစ်သော သမ္မာတရားများကို ကျွန်ုပ်တို့အား ပေးအပ်ထားတော်မူသဖြင့်၊ ကျွန်ုပ်တို့၏ အသက်တာ နှင့် အကျင့်စာရိတ္တပေါ်တွင် ၎င်းတို့၏ သြဇာညောင်းမှုကို ထင်ရှားစွာ ဖော်ပြရကြမည်။274T 656, 657;CCB2 188.3