Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မသင့်တော်သော စာပေတို့ကို ဖတ်ခြင်း၏ တန်ခိုးအာနိသင်။

    စိတ်သည် မိမိ မှီဝဲရသော အရာဝတ္ထုအားဖြင့် များစွာ အကျိုးအပြစ်ကို ခံစားရသည်ကို စာတန်သည် သိရှိ၏။ သူသည် ပျိုရွယ်သူတို့ နှင့် အသက်ကြီးသော သူတို့ကိုပင် ဝတ္ထုစာအုပ်များ၊ ဒဏ္ဍာရီများ နှင့် အခြား စာပေများကို ဖတ်ရှုစေဖို့ သွေးဆောင်ရန် ကြိုးစားနေ၏။ ထိုသို့သော စာပေတို့ကို ဖတ်ရှုသော သူတို့သည် မိမိတို့ ရှေ့၌ ရှိနေသော တာဝန်များကို ဆောင်ရွက်ရန် မသင့်တော်သော သူများ ဖြစ်လာကြသည်။ သူတို့သည် မှန်ကန်သော အသက်တာ၌ မနေထိုင်ကြသဖြင့် ကောင်းကင်၏ မန္နကို မှီဝဲသုံးဆောင်ရန် ကျမ်းစာကို ဖတ်ရှု လေ့လာလိုသော စိတ်မရှိကြ။ ခွန်အားနှင့် ဖြည့်ဖို့ လိုသော စိတ်သည် အားနည်းလာ၍၊ သခင်ခရစ်တော်၏ တာဝန် နှင့် လုပ်ငန်း အကြောင်းတို့ကို ဖော်ပြသော သမ္မာတရားကြီးများကို လေ့လာသင်ကြားဖို့ ခွန်အား မရှိတော့ချေ။ ထိုသမ္မာတရားများကား စိတ်ကို ခိုင်ခံ့အောင် ကာကွယ်ပေး၍ ထင်မြင်ချက်များကို ပေါ်လာစေလျက် သခင်ခရစ်တော် အောင်မြင်သည် နည်းတူ အောင်မြင်ရန် ခိုင်ခံ့ စိတ်အားကြီးသော ဆန္ဒကို နှိုးကြားလာစေလိမ့်မည်။CCB2 120.3

    ပုံနှိပ် ဖြန့်ဖြူးထားသော စာအုပ် အများကို ဖျက်ဆီးပစ်နိုင်လျှင်၊ စိတ် နှင့် နှလုံးပေါ်၌ ကြောက်မက်ဖွယ် အမှုကြီးကို ပြုလုပ်နေသော ဘေးဒုက္ခကြီးကို ရပ်တံ့သွားစေလိမ့်မည်။ အချစ်ဝတ္ထုများ ညံ့ဖျင်း၍ စိတ်ကြွစေသော ဒဏ္ဍာရီများ နှင့် ဘာသာရေး ပါဝင်သော ဝတ္ထုစာအုပ်များ - အကျင့်နှင့် ဆိုင်သော သင်ခန်းစာများကို စာရေးဆရာက ဖော်ပြထားသော စာအုပ်များပင်လျှင် ဖတ်သော သူတို့အဖို့ အမင်္ဂလာ တစ်ခု ဖြစ်ကြသည်။ ဝတ္ထုစာအုပ် တစ်အုပ်လုံးတွင် ဘာသာရေး သဘောများ ပါဝင်ကောင်း ပါဝင်လိမ့်မည်။ သို့ရာတွင် အများအားဖြင့် စာတန်ကို ကောင်းကင်တမန်၏ ဝတ်လုံများ ဝတ်ဆင်ပေးထားသဖြင့်၊ လှည့်ဖြား၍ သွေးဆောင်ရန် သာ၍ အကျိုးဖြစ်ထွန်းလိမ့်မည်။ အဘယ် စာအုပ်မျှ မှန်ကန်သော အခြေခံ တရားများကို အတည် မဖြစ်စေ၊ အဘယ်အရာမျှ သွေးဆောင်ခြင်းမှ ဘေးရန် ကင်းလွတ်မည် မဟုတ်သောကြောင့် ဤ ဝတ္ထုများကို ဖတ်ခြင်း၌ လုံခြုံမှု မရှိချေ။CCB2 121.1

    လုပ်ကြံရေးသော ဝတ္ထုစာအုပ်ကို ဖတ်သော သူသည် ဝိညာဉ်ရေးကို ဖျက်ဆီး၍ ကျမ်းစာအုပ်တွင် ရှိသော စာမျက်နှာ၌ တင့်တယ်စွာ ဖော်ပြထားချက်တို့ကို ဖုံးကွယ်ထားသော ဆိုးသွမ်းမှုကို လိုက်စားနေကြသည်။ ၎င်းသည် ဘေး မကင်းသော ထကြွမှုကို ဖြစ်စေ၏။ စိတ်ကူးဉာဏ်ကို ပျက်စီးစေတတ်၏။ စိတ်ကို အသုံးကျသော အရာအတွက် မသင့်တော်အောင် ပြု၏။ ဝိညာဉ်အား ဆုတောင်းခြင်း အမှုကို ပြတ်စဲသွားစေ၏။ ဝိညာဉ်ရေး လုပ်ငန်း တစ်စုံတစ်ခုအတွက် မသင့်လျော်အောင် ပြုလုပ်၏။CCB2 121.2

    ဘုရားသခင်သည် ကျွန်ုပ်တို့၏ လူငယ် အများတို့အား သာ၍ မြတ်သော စွမ်းရည် သတ္တိများကို ချပေးတော်မူ၏။ သို့ရာတွင် ဖတ်စရာ စာပေများကို မသင့်မတော် ရွေးချယ်မှုကြောင့်၊ သူတို့၏ စွမ်းအားများကို မကြာခဏ ဆုတ်လျော့ နည်းပါးစေ၍ စိတ်ကို ရှုပ်ထွေး အားနည်းစေသဖြင့်၊ နှစ်ပေါင်းများစွာ သူတို့သည် ကျေးဇူးတော်၌ လည်းကောင်း၊ ကျွန်ုပ်တို့၏ သမ္မာတရား သဘောများကို သိကျွမ်းခြင်း၌ လည်းကောင်း တိုးပွားခြင်း မရှိကြ။ မကြာမီ ကြွလာတော်မူမည့် သခင်ဘုရားကို မျှော်လင့်နေကြလျက် ဤ ပုပ်တတ်သော အရာသည် မပုပ်နိုင်သော အဖြစ်သို့ ဝင်စားသောအခါ အံ့သြဖွယ် ပြောင်းလဲခြင်း အမှုကို စောင့်မျှော်နေကြသော သူတို့သည် ဤ စုံစမ်း စစ်ဆေးရာ ကာလတွင် အပြုအမူတို့တွင် မြင့်မြတ်သော အခြေအနေ၌ ရပ်တည်နေရကြလိမ့်မည်။CCB2 122.1

    လူငယ် မိတ်ဆွေများတို့၊ ထကြွစေသော အရာဝတ္ထုတို့၏ တန်ခိုး အာနိသင်နှင့် စပ်ဆိုင်၍ သင်တို့ ကိုယ်တိုင် တွေ့ကြုံရသော ဗဟုသုတများကို စစ်ဆေးကြည့်ကြပါ။ ထိုသို့သော စာပေတို့ကို ဖတ်ရှုပြီးနောက်၊ သင်သည် ကျမ်းစာအုပ်ကို ဖွင့်လျက် အသက်နှင့် ဆိုင်သော နှုတ်ကပတ်တော် စကားများကို စိတ်ပါစွာ ဖတ်နိုင်ပါသလော။ ဘုရားသခင်၏ စာအုပ်သည် စိတ်ပါဝင်စားဖွယ် မဖြစ်ဘဲ နေသည်ကို တွေ့ရပါသလော။ အချစ်ဝတ္ထုကို သင်၏ စိတ်က စွဲလမ်းနေသဖြင့် စိတ်၏ ကောင်းမွန်သော အခြေအနေကို ဖျက်ဆီး၍ သင်၏ ထာဝရ ကောင်းစားရေးနှင့် သက်ဆိုင်လျက် အရေးကြီး၊ ကြည်ညိုဖွယ် ဖြစ်သော သမ္မာတရားတို့၌ သင့်အား စွဲလမ်းခြင်း မဖြစ်နိုင်စေခြင်းငှါ ပြုလုပ်လိမ့်မည်။CCB2 122.2

    မရေရာသော စာပေ အပေါင်းကို ဖတ်ရှုခြင်း အကျင့်ကို ဇွဲကောင်းစွာ ပယ်ဖြတ်လိုက်ပါ။ ၎င်းသည် သင်၏ ဝိညာဉ်ရေးကို ခိုင်ခံ့စေလိမ့်မည် မဟုတ်ဘဲ၊ စိတ်ကူးဉာဏ်ကို ပြောင်းလဲစေသော သဘောများကို စိတ်ထဲသို့ သွင်းပေးသဖြင့်၊ သင့်အား သခင်ယေရှု အကြောင်း အနည်းငယ်သာ ဆင်ခြင်စေလျက် ကိုယ်တော်၏ အဖိုးထိုက်သော သင်ခန်းစာများ၌ အနည်းငယ်သာ စိတ်စွဲလမ်းစေလိမ့်မည်။ မှားသော လမ်းသို့ ပို့ဆောင်သော အရာ ရှိသမျှမှ သင်၏ စိတ်ကို ကင်းလွတ်စေခြင်းငှါ စောင့်ရှောက်လော့။ ဉာဏ်သတ္တိကို မခိုင်ခံ့စေသော၊ မရေရာသော ပုံဝတ္ထုများဖြင့် စိတ်ထဲ၌ ပြည့်မနေပါစေနှင့်။ စိတ်အတွက် အာဟာရကို စီမံပေးရသကဲ့သို့ အကြံအစည်များသည်လည်း ထိုသဘောမျိုးပင် ဖြစ်၏။2MYP 27-273;CCB2 122.3