Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ခင်ပွန်း ဖြစ်ရမည့် သူ၌ အကျင့်စာရိတ္တတို့ကို စစ်ဆေးကြည့်ရှုရမည်။

    မိမိသည် ထိမ်းမြားမင်္ဂလာ မပြုမီ၊ မိမိနှင့် တစ်သက်ပတ်လုံး ပေါင်းသင်း ဆက်ဆံရမည့် သူသည် ထိုက်တန် သင့်လျော်သလားဟု အမျိုးသမီးတိုင်းသည် စုံစမ်း စစ်ဆေးကြည့်ရမည်။ လွန်ခဲ့သော ကာလက သူသည် မည်ကဲ့သို့ မှတ်တမ်းတင်ခဲ့သနည်း။ သူ၏ အသက်တာသည် ဖြူစင် သန့်ရှင်းသလော။ သူ ပြောပြသော မေတ္တာသည် မြင့်မြတ်သော သဘော သက်ဝင်သလား၊ သို့မဟုတ် စိတ်ထကြွလာသဖြင့် အပေါ်ယိက ဖော်ပြသော မေတ္တာ ဖြစ်သလား။ သူမအား ပျော်ရွှင်စေအောင် ပြုလုပ်နိုင်မည့် အကျင့်များ သူ၌ ရှိသလား။ သူ၏ မေတ္တာ၌ သူမသည် မှန်သော ငြိမ်သက်ခြင်း နှင့် ပျော်ရွှင်ခြင်းကို တွေ့ရှိနိုင်မည်လော။ သူမသည် မိမိ တစ်ဦးတည်း၏ သဘောအတိုင်း ပြုလုပ်ခွင့် ရရှိမည်လား၊ သို့မဟုတ် သူမ၏ ဝေဖန် ပိုင်းခြား သိနားလည်တတ်သော သဘောကို ယောက်ျား၏ အလိုအတိုင်း ဖြစ်စေရမည်လား။ ကယ်တင်ရှင်၏ တောင်းဆိုချက်တို့ကို အမြတ်ဆုံး အရာကဲ့သို့ သူမသည် ချီးမြှောက်နိုင်မည်လား။ ကိုယ်ခန္ဓာ နှင့် ဝိညာဉ်၊ အကြံအစည် နှင့် ရည်ရွယ်ချက်တို့ကို ဖြူစင် သန့်ရှင်းစွာ ထားနိုင်မည်လား။ အိမ်ထောင်ဖက် ပြုသော အမျိုးသမီးတိုင်း၏ ကောင်းစားရေးအတွက် ဤ ပြဿနာတို့သည် အရေးကြီးပေသည်။CCB2 14.1

    ငြိမ်သက်ပျော်ရွှင်သော ပေါင်းဖက်ခြင်းကို အလိုရှိ၍ နောင်ကာလ၌ ဝမ်းနည်း ပူဆွေးခြင်းတို့နှင့် ကင်းလွတ် လိုသော အမျိုးသမီးသည် မိမိ၏ မေတ္တာကို မပေးအပ်မီ၊ ကျွန်ုပ်၏ ချစ်သူ၌ မိခင် ရှိသလားဟု မေးမြန်း စုံစမ်းရမည်။ သူမ၏ ထူးခြားသော အကျင့်သည် အဘယ်အရာ ဖြစ်သနည်း။ သူမအား စောင့်ရှောက်ရန် ဝတ္တရားကို သူသည် သိရှိသလား။ သူမ၏ အလိုဆန္ဒ နှင့် ပျော်ရွှင်ရေးကို သူသည် ဂရုစိုက်ပါသလား။ သူသည် သူ၏ မိခင်ကို ရိုသေလေးစားခြင်း မရှိလျှင်၊ မိမိ၏ မယား အပေါ်၌ ရိုသေခြင်း နှင့် ချစ်ခြင်း၊ ကြင်နာခြင်း နှင့် ဂရုစိုက်ခြင်း ရှိမည်လား။ ထိမ်းမြားမင်္ဂလာ ကိစ္စများ ပြီးသော အခါသူသည် ကျွန်ုပ်ကို ချစ်လျက် ရှိနေဦးမည်လား။ သူသည် ကျွန်ုပ်တို့၏ အမှားများ အတွက် သည်းခံမည်လား၊ သို့မဟုတ် အပြစ်တင်၊ အနိုင်အထက်ပြု၊ အာဏာ ပြမည်လား။ မှန်သော ချစ်ခြင်းသည် အမှားများကို ဂရုမစိုက်ဘဲ နေမည်၊ မေတ္တာသည် ၎င်းတို့ကို ဝေဖန်ခြင်း ပြုမည် မဟုတ်။CCB2 14.2

    သန့်ရှင်း ဖြူစင်၊ ယောက်ျား ပြီသသော အကျင့်ရှိသူ၊ ကြိုးစားအားထုတ်၍ ထကြွခြင်း၊ ရိုးသားခြင်း ရှိသူ၊ ဘုရားသခင်ကို ချစ်၍ ကြောက်ရွံ့သော သူကို ပျိုရွယ်သော မိန်းမသည် မိမိ၏ တစ်သက်တာ အဖော်အဖြစ် ရွေးချယ် လက်ခံပါစေ။CCB2 15.1

    ရိုသေခြင်း မရှိသော သူကို ရှောင်လော့။ ပျင်းရိခြင်းကို နှစ်သက်သော သူကို ရှောင်လော့။ ရိုသေလေးမြတ် ဖွယ်သော အရာတို့ကို ပြောင်လှောင် ကဲ့ရဲ့သော သူကို ရှောင်လော့။ ညစ်ညမ်းသော စကားကို ပြောသော သူ၊ အရက် တစ်ခွက်ကိုပင် သောက်တတ်သူကို ပေါင်းဖော်ခြင်း မပြုနှင့်။ ဘုရားသခင်အား ပြုအပ်သော တာဝန်ကို မသိသော သူ၏ အကြံပေးချက်တို့ကို နားမထောင်နှင့်။ ဘုရားကို မချစ်မကြောက်၊ မှန်သော ဖြောင့်မတ်ခြင်းတရား၏ စည်းကမ်းများကို မသိသူတို့၏ အလွန် နှစ်သက်ဖွယ် ပေါင်းဖော်ခြင်းမှ ဖြတ်ပယ်ရန် ဝိညာဉ်ကို သန့်ရှင်းစေသော ဖြူစင်သော သမ္မာတရားသည် သင့်အား ခွန်အားကို ပေးလိမ့်မည်။ ကျွန်ုပ်တို့သည် မိတ်ဆွေ၏ အားနည်းခြင်း နှင့် မသိ နားမလည်ခြင်းကို အစဉ် သည်းခံနိုင်သော်လည်း၊ သူ၏ ဆိုးညစ်သော အပြစ် ဒုစရိုက်များကို ဘယ်အခါမျှ သည်းခံနိုင်ကြမည် မဟုတ်။CCB2 15.2