Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၃၇။—အားလပ်သည့် နေ့ နှင့် နှစ်လည် အထိမ်းအမှတ်နေ့များတွင အိမ်ထောင်၏ လုပ်ငန်းများ။

    ကျွန်ုပ်တို့၏ အားလပ်သည့် နေ့များကို လောက၏ နည်းလမ်းများအတိုင်း မကုန်လွန်စေရ၊ သို့ရာတွင် ၎င်းနေ့များကို အမှုမထားဘဲ ကုန်လွန်မသွားစေရ၊ အကြောင်းကား ထိုသို့ ပြုခြင်းဖြင့် မိမိတို့၏ သားသမီးတို့သည် စိတ်မကြေနပ်ဘဲ ရှိလိမ့်မည်။ ဤ နေ့များတွင် မိမိတို့၏ သားသမီးတို့သည် မကောင်းသော အမှုတို့ကို ပြု၍ လောကီပျော်မွေ့ခြင်း၊ လောက၏ ထကြွစေသော အမှုတို့အားဖြင့် ပျက်စီးခြင်းသို့ ရောက်မည်ကို သိမြင်ရကြသော အခါ၊ ဘေးဖြစ်စေတတ်သော အပျော်အပါး အစား တစ်စုံတစ်ခုကို မိဘများက ပြုလုပ်ပေးဖို့ သတိပြုပါစေ။ သူတို့၏ ကောင်းကျိုး နှင့် ပျော်မွေ့ခြင်းကို သင်တို့သည် မျှော်မြင်လိုလားကြောင်း သင်တို့၏ သားသမီးများအား သိရှိနားလည်ပါစေ။CCB2 97.1

    အားလပ်သည့် နေ့များကို စောင့်ရှောက်ကြခြင်းအားဖြင့်၊ ဤ ပျင်းစရာကောင်းသော နေ့များသည် ကျန်းမာရေး၊ ပျော်ရွှင်ရေးအတွက် လိုအပ်သည်ဟု လောကရှိ လူများ နှင့် အသင်းတော်၏ လူများအား ယုံကြည် ထင်မှတ်စေကြပြီ။ သို့ရာတွင် ၎င်းတို့သည် မကောင်းသော အမှုများကို ဖြစ်စေကြကြောင်း ထင်ရှားစွာ ဖော်ပြကြလေပြီ။CCB2 97.2

    ကျွန်ုပ်တို့သည် လောက၏ သဘောများကို ပြောင်းလဲထားစဉ်၊ ပျိုရွယ်သူ နှင့် ကလေးသူငယ်များအတွက် အားလပ်သည့် နေ့တို့ကို တတ်နိုင်သမျှ စိတ်ပါဝင်စားဖွယ် ဖြစ်အောင် စိတ်အား ထက်သန်စွာ ကြိုးစားခဲ့ကြပြီ။ ကျွန်ုပ်တို့၏ ရည်ရွယ်ချက်ကား သူတို့အား မယုံကြည်သော သူတို့၏ ပျော်မွေ့ခြင်းမျိုးမှ ကင်းကွာနိုင်စေရန် ဖြစ်ပါသည်။CCB2 97.3

    ပျော်မွေ့ခြင်းကို ရှာကြသော နေ့သည် ကုန်ဆုံးသွားသောအခါ၊ ပျော်မွေ့ခြင်းကို ရှာသော သူသည် အဘယ်မှာ စိတ်ကျေနပ်မှုကို ရရှိသလဲ။ ခရစ်ယာန် အမှုဆောင်များ အဖြစ်နှင့် သူတို့သည် မည်သူတို့အား သာ၍ ကောင်း၊ သာ၍ မြင့်မြတ်၏၊ သာ၍ ဖြူစင်သော အသက်တာကို ရရှိရန် ကူညီခဲ့ကြပြီ နည်း။ ကောင်းကင်တမန် ရေးထားသော မှတ်တမ်းကို ပြန်ကြည့်လျှင် သူတို့သည် ဘာကို တွေ့ရမည်နည်း။ နေ့ တစ်နေ့ ဆုံးရှုံးပြီတကား။ သူတို့၏ ဝိညာဉ်အဖို့ နေ့ တစ်နေ့ ဆုံးရှုံးပြီ၊ သခင်ခရစ်တော်၏ အမှုတော်တွင် နေ့ တစ်နေ့ ဆုံးရှုံးပြီ။ အကြောင်းမူကား ကောင်းသော အမှု တစ်စုံတစ်ခုမျှ မပြီးမြောက်ခဲ့ချေ။ သူတို့သည် အခြား နေ့ကို ရနိုင်ကြသော်လည်း၊ မိန်းကလေး နှင့် ယောက်ျားကလေးများ အကြောင်း အကျိုး မရှိ၊ မကောင်းသော စကားတို့ကို ပြောဆို နေခဲ့ကြသော ထိုနေ့ကိုကား ဘယ်သောအခါမျှ မရနိုင်ကြတော့ချေ။CCB2 97.4

    သူတို့သည် ဤ အခွင့်အရေးမျိုးတို့ကို တစ်ဖန်ပြန်၍ ဘယ်အခါမျှ ရလိမ့်မည် မဟုတ်။ ထို အားလပ်သော နေ့တွင် သူတို့သည် အခက်ခဲဆုံးသော အလုပ်မျိုးကို လုပ်ဖို့ ကောင်းပေသည်။ သူတို့သည် မိမိတို့၏ အားလပ်သော နေ့ကို မှန်ကန်စွာ အသုံးမပြုကြသဖြင့်၊ ၎င်းသည် ထာဝရကာလထဲတွင် လွန်သွား၍ တရားစီရင်သော နေ့ရက်၌ ထိုနေ့ကို အလွဲ အသုံးပြုသော နေ့ အဖြစ် ကုန်သွားစေခဲ့ပြီဟု သူတို့သည် စစ်ဆေးခြင်း ခံရကြလိမ့်မည်။CCB2 98.1