Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    ထိမ်းမြားစုံဖက်ခြင်း၏ အခွင့်အရေးများ။

    ခရစ်ယာန်ဟု ခေါ်နေသော သူတို့သည် ထိမ်းမြားစုံဖက်ခြင်းနှင့်ဆိုင်သော အခွင့်အရေးတိုင်း၏ အကျိုးအပြစ်များကို နေရာတကျ ဆင်ခြင် စဉ်းစားရကြမည်။ ၎င်းပြင် အပြုအမူတိုင်းကို သန့်ရှင်းသော အခြေခံ တရားများ ပေါ်၌ အမှီပြုရမည်။ အများသော အမှုကိစ္စများတို့၌ မိဘတို့သည် ထိမ်းမြားစုံဖက်ခြင်းနှင့င် ဆိုင်သော မိမိတို့၏ အခွင့်အရေးများကို ယုတ်ညံ့စွာ အသုံးပြုခဲ့ကြ၍၊ မိမိတို့ အလိုသို့ လိုက်ခြင်းအားဖြင့် မိမိတို့၏ တိရိစ္ဆာန်ကဲ့သို့သော ရမ္မက်ကို အားပေးကြလေပြီ။CCB2 51.2

    (အခြားသော အခါများ၌ မမဝှိုက်က “အိမ်ထောင်ကိစ္စ၏ လျှို့ဝှက်ရာ နှင့် အခွင့်အရေးများ” ဟု ဖော်ပြထားသည်။)CCB2 51.3

    တရားနှင့် ညီသော အမှုကို အလွန်အကျူး ပြုကျင့်ခြင်းဖြင့် ပြင်းထန်သော အပြစ်ကို ဖြစ်စေ၏။CCB2 51.4

    အိမ်ထောင်သက်တွင် အများသော မိဘတို့သည် ရရှိထိုက်သော ဗဟုသုတကို မရကြချေ။ စာတန်သည် အခွင့်အရေး ယူလျက် သူတို့၏ စိတ် နှင့် အသက်တာကို မအုပ်စိုးစေခြင်းငှါ သူတို့သည် ကွယ်ကာထားခြင်း မရှိကြ။ မိမိတို့ အိမ်ထောင်သက်တွင် အလွန်အကျူး ကိစ္စများကို ချုပ်ချယ်ထားစေရန် ဘုရားသခင်သည် အလိုရှိတော်မူသည်ကို သူတို့သည် မသိမမြင်ကြချေ။ မိမိတို့၏ ရမ္မက်ကို ချုပ်တည်းခြင်းသည် ဘာသာရေးနှင့် ဆိုင်သော တာဝန် ဖြစ်သည်ကို အနည်းငယ်မျှလောက်သာ သိရှိကြသည်။ သူတို့သည် မိမိတို့ သဘောအတိုင်း ရည်ရွယ်ချက်များ ရှိလျက် ထိမ်းမြားစုံဖက်ကြ၏။ ထိုကြောင့် ထိမ်းမြားစုံဖက်ခြင်းသည် သာ၍ ယုတ်ညံ့သော ရမ္မက်ကို လိုက်စားခြင်း အမှုကို သန့်စင်စေသည်ဟု သူတို့က ဆင်ခြေပေးကြသည်။ ဘုရားတရား ကြည်ညိုသည်ဟု ဆိုသော ယောက်ျား၊ မိန်းမများပင်လျှင် တပ်မက်သော ရမ္မက်၏ အလိုသို့ လိုက်လျော်ကြလျက် အသက်ရှင်စေသော ခွန်အားကို ဖြုန်းတီးခြင်းအတွက် ဘုရားသခင်အား ထုချေ ရှင်းလင်းရမည်ကို သူတို့သည် စဉ်းစားခြင်း မရှိကြ။ ထိုသို့ ခွန်အားကို ဖြုန်းတီးခြင်းသည် အသက်တိုစေလျက် ကိုယ်ခန္ဓာ တစ်ခုလုံးကို အားနည်းစေတတ်သည်။CCB2 51.5