Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    လိုအပ်သော အရာကို အမှုမထားခြင်းသည ချွေတာခြင်း မဟုတ်။

    ကိုယ်ခန္ဓာကို ဂရုစိုက် သို့မဟုတ် မသင့်မလျော် အသုံးပြုသဖြင့်၊ ဘုရားသခင်၏ အမှုတော်အတွက် မသင့်တော်သောအခါ၊ ဘုရားသခင်ကို မရိုသေရာ ရောက်၏။ အရသာနှင့် ပြည့်စုံ၍ ခွန်အား ဖြစ်စေသော အာဟာရကို စီမံပေးခြင်းဖြင့် ကိုယ်ခန္ဓာကို ဂရုစိုက် ပြုစုခြင်းသည် အိမ်ထောင်ရှင်၏ ပထမ တာCCB2 92.6

    ဝန် တစ်ခု ဖြစ်၏။ အစားအစာကို ချုပ်ချယ်ကန့်သတ်ခြင်းထက် အဖို့မများလှသော အဝတ်အထည် နှင့် အိမ်ထောင် ပစ္စည်းကို ဝယ်ယူသုံးစွဲခြင်းသည် သာ၍ ကောင်းပေသည်။CCB2 93.1

    အချို့သော အိမ်ထောင်ရှင်တို့သည် ဧည့်သည်များအား အဖိုးတန်သော အစားအသောက်တို့ကို ကြီးကျယ်ခမ်းနားစွာ ကျွေးမွေးနိုင်စေခြင်းငှါ၊ မိမိတို့ အိမ်ထောင် ထမင်းပွဲအတွက် ခြစ်ခြုတ် ကန့်သတ် တတ်ကြသည်။ ဤ အမှုသည် မသင့်တော်ချေ။ ဧည့်သည်များကို ကျွေးမွေးသောအခါ သာ၍ ရိုးရမည်။ အိမ်ထောင်၌ လိုအပ်သော အရာကို ပထမဦးစွာ ဂရုစိုက်ရမည်။CCB2 93.2

    မသင့်တော်သော ချွေတာခြင်း နှင့် မမှန်သော ဓလေ့တို့အားဖြင့်၊ လိုအပ်၍ ကောင်းကြီး ဖြစ်စေသောအခါ၌ ဧည့်ဝတ်ပြုခြင်း အမှုကို မပြုလုပ်နိုင်ဘဲ ရှိတတ်သည်။ ကျွန်ုပ်တို့ စားနေကျ ထမင်းပွဲကို မမျှော်လင့်ဘဲ ရောက်လာသော ဧည့်သည်အား ကျွေးမွေးနိုင်လောက်အောင် ပြင်ဆင်ထားခြင်းဖြင့် အိမ်ရှင်မသည် အပို ပြင်ဆင်ခြင်း တာဝန်ကို မယူရတော့ချေ။7MH 322;CCB2 93.3

    ချွေတာခြင်းမှာ စေးနဲခြင်းကို ဆိုလိုသည် မဟုတ်။ ငွေကြေးကို သတိပညာ နှင့် အသုံးပြုခြင်းကို ဆိုလိုသည်။ အကြောင်းကား ပြုလုပ်ဆောင်ရွက်ရန် ကြီးကျယ်သော အလုပ် တစ်ခု ရှိသောကြောင့်တည်း။CCB2 93.4

    မိမိ၏ လူများသည် မိမိတို့၏ ကျန်းမာရေး၊ သက်သာရေးအတွက် အကယ်ပင် လိုအပ်သော အရာတို့နှင့် ကင်းလွတ်စေခြင်းငှါ ဘုရားသခင်သည် အလိုတော် မရှိပါ။ သို့ရာတွင် ဘုရားသခင်သည် ဖြုန်းတီးခြင်း၊ ခမ်းနားစွာ ပြင်ဆင်ခြင်းတို့ကိုလည်း နှစ်သက်တော်မမူ။8AH 378, 379;CCB2 93.5