Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အာရုံ ငါးပါးကို ထကြွစေတတ်သော ဘာသာတရားကို သတိပေးထားခြင်း။

    ဤ အချိန်ကာလသည် ဘုရားသခင်၏ အမှုတော်အတွက် ဝိညာဉ်ရေး၌ စိတ်ပါဝင်စားသော သူ၊ အခြေခံ တရား၌ တည်မြဲသော သူ၊ သမ္မာတရားကို ထင်ရှားစွာ သိနားလည်သော သူများကို ကျွန်ုပ်တို့ အလိုရှိကြပါသည်။CCB2 346.2

    လူများ အလိုရှိကြသည်မှာ ထင်မြင်ရာကို သွန်သင်ထားသော သြဝါဒသစ်များ မဟုတ်ကြောင်း ကျွန်ုပ်အား သွန်သင် ဖော်ပြထားပါသည်။ သူတို့သည် လူ၏ ထင်မြင်ချက်များကို အလိုမရှိကြ၊ သမ္မာတရားကို သိ၍ ကျင့်သော သူ၊ တိမောသေအား အပ်နှံထားသော တာဝန်ကို သိနားလည်၍ လိုက်နာ ကျင့်ဆောင်သော သူတို့၏ သက်သေခံချက်ကို သူတို့သည် လိုပေသည်။ တိမောသေအား ပေးထားသော တာဝန်မှာ ဤကဲ့သို့ ဖြစ်၏။ “နှုတ်ကပတ် တရားတော်ကို ဟောပြောလော့။ အချိန်ရှိသည် ဖြစ်စေ၊ မရှိသည် ဖြစ်စေ၊ ကြိုးစား အားထုတ်လော့။ အပြစ်ကို ဖော်ပြလော့၊ ဆုံးမခြင်းကို ပြုလော့။ အလွန် ရှည်သော စိတ်နှင့် သြဝါဒကို ပေး၍ တိုက်တွန်း သွေးဆောင်လော့။ အကြောင်းမူကား၊ နောင်ကာလ၌ လူတို့သည် စင်ကြယ်သော သြဝါဒကို နာမခံနိုင်ဘဲ၊ ကြားတတ်သော နား ရှိလျက်၊ မိမိ တပ်မက်ခြင်းအတိုင်း များပြားသော ဆရာတို့ နောက်သို့ လိုက်ကြလိမ့်မည်။ သမ္မာတရားကို နားမထောင်ဘဲ၊ ဒဏ္ဍာရီ စကားကို နားထောင်၍ လွဲသွားကြလိမ့်မည်။ သင်မူကား၊ အရာရာ၌ သမ္မာသတိ ရှိစေလော့။ ဆင်းရဲဒုက္ခကို သည်းခံလော့။ သာသနာပြု ဆရာ ဆောင်ရွက်ရသော အမှုကို ဆောင်ရွက်လော့၊ ဓမ္မဆရာ အရာ၌ ခန့်ထား၍ ပြုရသော ဝတ်များကို အကုန်အစင် ပြုလော့။” ၂ တိ၊ ၄: ၂-၅။CCB2 347.1

    ငြိမ်သက်ခြင်း ဧဝံဂေလိတရားကို ဟောရန် ပြင်ဆင်ခြင်း တည်းဟူသော ခြေနင်းကို စီးလျက် မြဲမြံ သေချာစွာ လျှောက်သွားလော့။ သန့်ရှင်း၍ ညစ်ညူးခြင်း မရှိသော ဘာသာတရားသည် အာရုံ ငါးပါးကို ထကြွစေသော ဘာသာတရား မဟုတ်ကြောင်းကို သင်သည် အသေအချာ သိရလိမ့်မည်။ စိတ်ထင်ရာကို ဖော်ပြသော သြဝါဒများ နှင့် အယူအဆတို့ကို မက်မောစေရန် တိုက်တွန်း အားပေးဖို့ တာဝန်ကို ဘုရားသခင်သည် မည်သူ အပေါ်၌မျှ ချပေးတော်မမူခဲ့ပါ။ ညီအစ်ကို မောင်နှမများတို့၊ သင်တို့၏ သြဝါဒများတွင် ဤ အရာတို့ကို ပယ်ရှားထားပါလော့။ သင်၏ ဗဟုသုတတွင် ဤ အရာများကို ဝင်လာစေဖို့ ခွင့်မပြုနှင့်။ သင်၏ အသက်တာ လုပ်ငန်းသည် ၎င်းတို့အားဖြင့် ပျက်စီးမသွားပါစေနှင့်။68T 294, 295;CCB2 347.2