Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    စိတ်ထကြွစေသော ဝတ္ထုများကို ဖတ်ခြင်း၌ ဘေးဥပဒ် ရှိခြင်း။

    ကျွန်ုပ်တို့၏ သားသမီးတို့သည် အဘယ်အရာများကို ဖတ်ရကြမည်နည်း။ ဤ မေးခွန်းသည် အလွန် အရေးကြီးသော မေးခွန်း ဖြစ်၍ အရေးကြီးသော အဖြေကို အလိုရှိပေသည်။ ဥပုသ်ကို စောင့်ရှောက်ကြသော အိမ်ထောင်များတွင် ကလေးသူငယ်တို့၏ စိတ်ထဲ၌ ကောင်းကျိုးကို မစွဲလမ်းစေသော ဝတ္ထုဇာတ်လမ်းများ ဆက်လက် ပါရှိသော မဂ္ဂဇင်း၊ ဂျာနယ် နှင့် သတင်းစာများကို တွေ့ရသည်အတွက် ကျွန်ုပ်သည် များစွာ စိတ်ဒုက္ခရောက်၏။ လုပ်ကြံရေးသော အချစ်ဝတ္ထုများကို စွဲလမ်း နှစ်သက်သူတို့သည် ထိုသို့သော စာစောင်တို့အားဖြင့် ဖြစ်ပွားလာတတ်ကြသည်ကို ကျွန်ုပ် တွေ့မြင်ရလေပြီ။ သူတို့သည် သမ္မာတရားကို ကြားနာရသော အခွင့်၊ ကျွန်ုပ်တို့၏ ယုံကြည်ခြင်း အကြောင်းကို သိကျွမ်းရသော အခွင့်တို့ကို ရရှိခဲ့ကြသော်လည်း၊ သူတို့သည် မှန်ကန်စွာ ဘုရားတရားကို ကြည်ညိုခြင်း၊ ဘုရားဝတ်၌ လက်တွေ့ မွေ့လျော်ခြင်း ကင်းမဲ့ကြလျက် ကြီးပြင်းလာခဲ့ကြလေပြီ။CCB2 124.2

    ညံ့ဖျင်း၍ စိတ်ထကြွစေသော ဒဏ္ဍာရီများကို ဖတ်သော သူတို့သည် အသုံးဝင်သော အသက်တာ၏ တာဝန်များကို ထမ်းဆောင်ရန် အသင့်တော်သော သူများ ဖြစ်လာကြသည်။ သူတို့သည် အစစ်အမှန် မဟုတ်သော လောကတွင် နေထိုင်လျက် ရှိကြသည်။ ထိုသို့သော ဝတ္ထုများကို ဖတ်ဖို့ အကျင့် ဖြစ်လာစေရန် အခွင့် ရရှိကြသော ကလေးများကို ကျွန်ုပ်သည် စောင့်ကြည့်ခဲ့ပြီ။ အိမ်၌ ဖြစ်စေ၊ အိမ်ပြင် အခြား နေရာ၌ ဖြစ်စေ သူတို့သည် စိတ်မငြိမ် တွေးတော နေတတ်ကြလျက် အလွန် ညံ့ဖျင်းသော အကြောင်းအရာများမှ လွဲ၍ ကောင်းစွာ စကား မပြောနိုင်ကြ။ သူတို့၌ ဘာသာရေးနှင့် ဆိုင်သော ထင်မြင်ချက် နှင့် စကားစမြည်း ပြောဆိုခြင်း အမှုများ လုံးလုံး မရှိချေ။ အာရုံများကို ထကြွစေသော ဝတ္ထုများကို တပ်မက် စွဲလမ်းအောင် ပြုခြင်းသည် အသိဉာဏ်ကို လွဲမှားစေသဖြင့်၊ ဤ မသင့်တော်သော အစာ (စာပေ) တို့ကို မမှီဝဲရလျှင် စိတ်ထဲ၌ မကျေနပ်ကြချေ။ ထိုသို့သော စာပေတို့ကို လိုက်စားသော သူတို့အား စိတ်ဉာဏ် ထိုင်းမှိုင်းသူဟူသော စကားမှ လွဲ၍ အခြား စကားဖြင့် အမည်ပေးဖို့ မသင့်တော်ဟု ကျွန်ုပ် ထင်ပါသည်။ အစားအသောက်တို့၌ မခြိုးခြံ မသင့်တော်သော အကျင့်တို့ကြောင့် ကိုယ်ခန္ဓာ ထိခိုက်တတ်သည် နည်းတူ စာပေ ဖတ်ရှုခြင်း၌ မသင့်တော်သော အကျင့်များအားဖြင့် ဦးနှောက်တွင် အလားတူ ထိခိုက်ခြင်း ဖြစ်တတ်သည်။6CT 132-135;CCB2 125.1

    သမ္မာတရားကို လက်မခံမီ အချို့သော သူတို့၌ အချစ်ဝတ္ထုများ ဖတ်တတ်သော အကျင့် ရှိ၏။ အသင်းတော်နှင့် ဆက်ဆံပြီးသောအခါ၊ ဤ အကျင့်ကို အောင်မြင် ပယ်ရှားရန် သူတို့သည် ကြိုးပမ်းခဲ့ကြပြီ။ သူတို့ ပယ်ရှားခဲ့သော စာပေများကို သူတို့ မျက်မှောက်၌ ချပေးထားခြင်းသည် မူးနေသော သူအား အရက်ကို ပေးခြင်းနှင့် တူ၏။ မိမိတို့ ရှေ့၌ ရှိသော စုံစမ်း သွေးဆောင်ခြင်းသို့ အစဉ်မပြတ် လိုက်ပါခြင်းဖြင့်၊ သူတို့၌ မကြာမီ အားကိုးသင့်သော စာပေဖတ်ရှုခြင်း အမှုတွင် နှစ်သက်စွဲလမ်းခြင်း ကင်းလွတ်သွားလေ၏။ သူတို့သည် ကျမ်းစာကို လေ့ကျက် ဖတ်ရှုဖို့ စိတ်မဝင်စားကြ။ သူတို့၏ အကျင့်နှင့် ဆိုင်သော သတ္တိသည် အားနည်းလာ၏။ အပြစ်ကို တွန်းလှန် ပယ်ရှားဖို့ရန် သာ၍ ခက်ခဲလာသည်ဟု ထင်ရ၏။ သစ္စာ မရှိကြောင်းကို တိုး၍ ထင်ရှားစေလျက် အသက်တာ၏ လက်တွေ့ တာဝန်များကို မနှစ်သက် မလိုလားသော သဘောများကို တိုးပွားလာ၏။ စိတ်သဘောသည် လွဲမှားလာသောအခါ၊ စိတ်ကို နှိုးဆော် ထကြွစေတတ်သော စာပေ အမျိုးမျိုးကို ဖတ်ဖို့ အသင့် ဖြစ်လာ၏။ ထိုသို့အားဖြင့် ဝိညာဉ်အား မိမိ၏ လက်အောက်သို့ ဆွဲသွင်းဖို့ရန် စာတန်အား လမ်းဖွင့်ပေးလေပြီ။77T 203;CCB2 125.2