Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှော်အတတ် နှင့် အစွဲ။

    မှော်အတတ်နှင့် ဆိုင်သော စာအုပ်များကို မီးရှို့ပစ်ခြင်းအားဖြင့်၊ မိမိတို့ တစ်ခါက နှစ်သက်သော အရာတို့ကို ယခု ရွံ့ရှာကြောင်း ပြောင်းလဲသော ဧဖက်မြို့သားတို့က ပြကြ၏။ မှော်အတတ်အားဖြင့် သူတို့သည် အထူးသဖြင့် ဘုရားသခင်ကို ပြစ်မှားကြလျက် မိမိတို့၏ ဝိညာဉ်ကို ဘေးသင့်စေခဲ့ကြ၏။ ထိုကြောင့် သူတို့သည် မှော်အတတ်ကို အလွန် ဒေါသထွက်ကြောင်း ပြကြ၏။ ထိုသို့အားဖြင့် သူတို့၌ အမှန် ပြောင်းလဲကြောင်း သက်သေပြကြ၏။CCB2 358.1

    ရုပ်ဆင်းတု ကိုးကွယ်သူတို့၏ အစွဲများသည် နှစ်ဆယ်ရာစုနှစ်၏ ယဉ်ကျေးမှု မပေါ်လာမီကပင် ပျောက်ကွယ်သွားပြီဟု ထင်မှတ်ခဲ့ကြပြီ။ သို့ရာတွင် ဤ ခေတ်ကာလ၌ နတ်ဝိဇ္ဇာအတတ်ကို ရှေးမှော်အတတ် ကဲ့သို့ပင် အသုံးပြုနေကြကြောင်း ဘုရားသခင်၏ နှုတ်ကပတ်တော် နှင့် အကြောင်းအရာတို့၏ သေချာသော သက်သေတို့က ဖော်ပြလျက် ရှိ၏။ ရှေးမှော်အတတ်သည် ယခုခေတ် နတ်ဝိဇ္ဇာအတတ်ဟု ခေါ်နေသော အတတ်မျိုးပင် ဖြစ်သည်။ စာတန်သည် မိမိ ကိုယ်ကို သေဆုံးသွားသော မိတ်ဆွေတို့၏ အယောင်ကို ဆော်လျက် ဖော်ပြခြင်းဖြင့် ထောင်ပေါင်းများစွာသော ဝိညာဉ်တို့ကို သွေးဆောင်ရာ၌ အောင်မြင်လေပြီ။ ကျမ်းစာက သေသော သူသည် အဘယ်အရာကိုမျှ မသိဟု ဖော်ပြထား၏။ ဒေ၊ ၉: ၅။ သူတို့၏ အကြံအစည်၊ သူတို့၏ ချစ်ခြင်းမေတ္တာ၊ သူတို့၏ မုန်းသော သဘောတို့သည် ပျက်စီးသွားလေပြီ။ သေသော သူသည် အသက်ရှင်သော သူနှင့် အဆက်အသွယ် မပြုလုပ်ချေ။ သို့ရာတွင် စာတန်သည် ရှေးဦးစွာကပင် ပါးနပ်စွာ လှည့်ဖြားခဲ့သည်အတိုင်း၊ လူတို့၏ စိတ်ကို ချုပ်ချယ်နိုင်ရန် ဤ အကြံအစည်ကို အသုံးပြု၏။CCB2 358.2

    နတ်ဝိဇ္ဇာအတတ်အားဖြင့် ဖျားနာသူများ၊ ဝမ်းနည်း ပူဆွေးနေသူများ၊ အထူးအဆန်း သိမြင်လိုသူများသည် နတ်ဆိုးများနှင့် ဆက်သွယ်နေကြသည်။ ဤ အမှုကို ပြုလုပ်ဝံ့သော သူတို့သည် ဘေးရောက်သော နေရာ၌ ရောက်ရှိနေကြသည်။ ဘုရားသခင်သည် သူတို့ကို မည်ကဲ့သို့ မှတ်တော်မူကြောင်း သမ္မာတရား၏ နှုတ်ကပတ်တော်က ဖော်ပြထားပြီ။ ရှေးအခါက၊ တစ်ပါး အမျိုးသားတို့ထံ ဗျာဒိတ်ကို မေးရန် စေလွှတ်သော ရှင်ဘုရင် အပေါ်သို့ ဘုရားသခင်သည် ပြင်းထန်စွာ စီရက်ချက် ချတော်မူ၏။ “ဣသရေလပြည်၌ ဘုရားသခင် မရှိသောကြောင့်၊ ဧကြုန်မြို့၏ ဘုရား ဗာလဇေဗုပ်သို့ သွား၍ မေးမြန်းရသလော။ ထိုကြောင့် ထာဝရဘုရား မိန့်တော်မူသည်ကား၊ သင်သည် ယခု တက်သော သာလွန်ပေါ်က နောက်တစ်ဖန် မဆင်းရ။ စင်စစ် သေရမည်။” ၄ ရာ၊ ၁: ၃၊ ၄။CCB2 358.3

    ရှေးအခါက ရုပ်ဆင်းတု ကိုးကွယ်သူတို့၏ မှော်ဝိဇ္ဇာအတတ်သည် ယခုခေတ်၏ နတ်ဝိဇ္ဇာအတတ်၊ နတ်ပူးခြင်း၊ ဗေဒင် ဟောခြင်းတို့နှင့် အတူတူလိုပင် ဖြစ်သည်။ အင်ဒေါရမြို့၌ နတ်ဝင် မိန်းမအားဖြင့် ပြောဆိုသော နက်နဲသော စကားများ နှင့် ဧဖက်မြို့၌ ပြောသော နက်နဲရာ စကားများသည် လှည့်ဖြားသော စကားများဖြင့် လူမျိုးတို့အား လမ်းမှားကို ပို့လျက်နေသေး၏။ ကျွန်ုပ်တို့ မျက်စိရှေ့မှာ အကာအဆီးကို ပယ်ရှားလိုက်နိုင်လျှင်၊ ဆိုးသော တမန်တို့သည် မိမိတို့၏ အတတ်ပညာများအားဖြင့် လှည့်ဖြား ဖျက်ဆီးရန် ပြုလုပ်နေကြသည်ကို ကျွန်ုပ်တို့ တွေ့ရကြမည်။ လူများတို့အား ဘုရားသခင်ကို မေ့လျော့စေရန် တစ်စုံတစ်ခုက သြဇာညောင်းနေသော အခါတိုင်း၊ စာတန်သည် မိမိ၏ ပြုစားခြင်း တန်ခိုးကို အသုံးပြုလျက်နေ၏။ လူသည် စာတန်၏ အလိုသို့ လိုက်ပါသွားသော အခါ၊ သူတို့ မသိရှိမီ၊ စိတ်သဘောသည် ယောင်မှားလျက် ဝိညာဉ်သည် ညစ်ညူးသွားလေ၏။ ဘုရားသခင်၏ လူများတို့သည် ယခုခေတ်၌ ဧဖက်မြို့သားတို့အား တမန်တော်က ဆုံးမသော စကားများကို သတိပြုသင့်သည်။ “အကျိုးမဲ့သော မှောင်မိုက် အမှုတို့နှင့် မဆက်ဆံသည် သာမက၊ ထိုအမှုတို့၏ အပြစ်ကို ပြကြလော့။” ဧ၊ ၅: ၁၁။5AA 288-290;CCB2 359.1