Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အခန်း ၄၆။—ခရစ်ယာန် ပညာသင်ကြားရေး။

    ကျွန်ုပ်တို့သည် ဤ လောကရာဇဝင်တွင် နောက်ဆုံး အရေးကြီးသော အဖြစ်အပျက်နှင့် လျင်မြန်စွာ နီးကပ်လာလေပြီ။ ၎င်းပြင် ကျွန်ုပ်တို့၏ ကျောင်းများက ပေးသော ပညာသင်ကြားရေးနှင့် ဆိုင်ရာ အကျိုးကျေးဇူးများသည် လောက၏ ကျောင်းများက ပေးသော အကျိုးကျေးဇူးနှင့် ကွာခြားရမည်ကို ကျွန်ုပ်တို့ သိနားလည်ဖို့ အရေးကြီးပေသည်။1CT 56;CCB2 195.1

    ပညာသင်ပေးရေးနှင့် စပ်ဆိုင်၍ ကျွန်ုပ်တို့၏ ထင်မြင်ချက်များသည် အလွန်ပင် ကျဉ်းမြောင်း၍ အလွန်ပင် အောက်ကျလွန်းအားကြီးသည်။ ကျယ်ဝန်းသော အမျှော်အမြင်နှင့် သာ၍ မြင့်မြတ်သော ရည်ရွယ်ချက် ရှိဖို့ လိုပေသည်။ မှန်သော ပညာသင်ကြားရေးသည် သင်တန်း တစ်ခု၏ သင်ခန်းစာကို လေ့ကျက် ဖတ်ရှုခြင်းထက် သာ၍ ပိုမိုကြောင်းက်ု ဆိုလိုသည်။ ၎င်းသည် လူ တစ်ကိုယ်လုံးနှင့် လည်းကောင်း၊ တည်နေနိုင်သမျှ အသက်တာ ကာလနှင့် လည်းကောင်း သက်ဆိုင်ပေသည်။ ၎င်းသည် ကိုယ်ကာယ၊ စိတ်ဉာဏ် နှင့် ဝိညာဉ်စွမ်းအား သတ္တိများ၊ ညီညွတ်စွာ ဖြစ်ပေါ် ကြီထွားလာမှု ဖြစ်သည်။ ၎င်းသည် သင်ကြားလေ့လာသူအား ဤ လောကတွင် အကျိုးဆောင်ရွက်ခြင်းဖြင့် ရရှိသော ဝမ်းမြောက်ခြင်း နှင့် နောက်လာမည့် လောကတွင် သာ၍ ကျယ်ပြန့်စွာ အကျိုးဆောင်ရွက်ခြင်းဖြင့် ရရှိမည့် သာ၍ ဝမ်းမြောက်ခြင်းအတွက် ပြင်ဆင်ပေးလေသည်။2Ed 13;CCB2 195.2

    အမြတ်ဆုံးသော သဘောအားဖြင့်၊ ပညာသင်ပေးခြင်း အလုပ် နှင့် ရွေးနုတ်ခြင်း အလုပ်သည် တစ်ခုတည်း ဖြစ်၏။ အကြောင်းမူကား၊ ရွေးနှုတ်ခြင်းမှာ ကဲ့သို့ ပညာသင်ကြားရေး၌၊ “ယေရှုခရစ်” တည်းဟူသော၊ ချလျက်ရှိသော တိုက်မြစ် မှတစ်ပါး၊ အခြားသော တိုက်မြစ်ကို အဘယ်သူမျှ မချနိုင်။3Ed 30;CCB2 195.3

    လူအား ဘုရားသခင်နှင့် တစ်ဖန်ပြန်၍ ညီညွတ်လာစေခြင်း၊ ထိုနည်းအားဖြင့် သူသည် ဖန်ဆင်းရှင်၏ ပုံသဏ္ဍာန်ကို တစ်ဖန်ပြန်၍ ထင်ရှားစေမည် အကြောင်း လူ၏ အကျင့်သဘောကို မြှင့်တင် မြင့်မြတ်လာစေခြင်းသည် အသက်တာ၏ ပညာ သင်ကြားရေး နှင့် သွန်သင် ဆုံးမခြင်း၏ ရည်ရွယ်ချက်ကြီး ဖြစ်ပေ သည်။ ဤ အမှုသည် အလွန် အရေးကြီးသောကြောင့်၊ ကယ်တင်ရှင်သည် ကောင်းကင် စည်းစိမ်များကို စွန့်ပြီးလျှင် လူတို့အား သာ၍ မြင့်မြတ်သော အသက်တာကို သင့်တော်စွာ မည်ကဲ့သို့ ရရှိစေဖို့ သင်ကြားနိုင်မည် အကြောင်း ဤ လောကသို့ ကြွလာတော်မူ၏။4CT 49;CCB2 195.4

    လောက စီမံကိန်းများ၊ နည်းနာများ နှင့် ထုံးစံဓလေ့များကို လိုက်စားဖို့ အလွန် လွယ်ကူ၍ နောဧ လက်ထက်က လူများထက်ပင် ကျွန်ုပ်တို့ အသက်ရှင်နေသော ကာလ အကြောင်းကို လည်းကောင်း၊ ပြီးမြောက် ဆောင်ရွက်ရမည့် ကြီးကျယ်သော အမှုတော်ကြီး အကြောင်းကို လည်းကောင်း ပိုမို၍ စဉ်းစား ဆင်ခြင်ခြင်း မပြုဘဲ နေတတ်ကြသည်။ ဘုရားသခင် ပေးတော်မမူသော ထုံးစံဓလေ့များ၊ အကျင့်သီလများ နှင့် ထုံးတမ်းစဉ်လာများကို လိုက်နာနေကြသော ယုဒလူမျိုးတို့ နည်းတူ ကျွန်ုပ်တို့၏ ပညာရေး လမ်းညွှန်သူများသည် အလားတူ နည်းလမ်းများကို လိုက်နာလာကြလိမ့်မည်ဟု အမြဲ ထိတ်လန့် စိုးရိမ်နေရကြသည်။ အချို့သော သူတို့သည် ရှေးဟောင်း အလေ့အကျင့်များကို စွဲမြဲစွာ တွယ်ကပ်နေကြလျက်၊ မလိုအပ်သော ပညာ အမျိုးမျိုးကို စွဲမြဲ နှစ်သက်နေကြပြီး၊ ဤ အရာများ အပေါ်၌ သူတို့၏ ကယ်တင်ခြင်းသည် မှီခိုလျက် ရှိသည်ဟု ထင်မှတ်နေကြသည်။ ဤကဲ့သို့ ပြုနေခြင်းဖြင့် သူတို့သည် ဘုရားသခင် ပေးတော်မူသော ထူးခြားသော အလုပ်မှ လွဲနေကြလျက် သင်ကြားနေသော တပည့်များအား မလုံလောက် ချို့တဲ့၍ မှားသော ပညာကို ပေးနေကြသည်။56T 150, 151;CCB2 196.1

    ဝိညာဉ်များအား သခင်ယေရှုကို မြင်စေရန် ယူဆောင်လာနိုင်မည် အကြောင်း၊ အသင်းတော်များတွင် အမှု ဆောင်ရွက်၍ ကျွန်ုပ်တို့၏ လူငယ်များကို ထူးခြားသော လုပ်ငန်းများအတွက် သွန်သင် လေ့ကျင့်ပေးရန် ကျွမ်းကျင် နားလည်သော ယောက်ျား၊ မိန်းမများ ရှိရမည်။ ကျွန်ုပ်တို့ တည်ထောင်ထားသော ကျောင်းများ၌ ဤ ရည်ရွယ်ချက်များ ရှိရမည်။ ၎င်းပြင် အခြား အသင်းများက တည်ထောင်ထားသော ကျောင်းများ၊ သို့မဟုတ် လောကီ ကျောင်းများ၊ ကောလိပ် ကျောင်းများတို့၏ နည်းတူ မဖြစ်စေရ။ ၎င်းတို့သည် သာ၍ အဆင့်အတန်း မြင့်၍ ၎င်းတို့တွင် မယုံကြည်တတ်သော သဘောများကို အစပြု ဖြစ်ပေါ်မလာစေရ၊ သို့မဟုတ် မျက်နှာသာ မပေးရ။ ပညာသင်နေသော တပည့် တို့သည် ခရစ်ယာန် ဘာသာ တရား၌ လက်တွေ့ သင်ကြားရကြမည်။ ၎င်းပြင် ကျမ်းစာအုပ်သည် အမြတ်ဆုံး၊ အရေးအကြီးဆုံး သင်ခန်းစာ စာအုပ် ဖြစ်ရမည်။6FE 231;CCB2 196.2