Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    အသင်းတော်၏ တာဝန်။

    ညအါ၌ ကျွန်ုပ်သည် လူစုကြီးတစ်ခုထဲတွင် ရောက်နေလျက် ၎င်းတွင် လာရောက်သော သူအပေါင်းတို့၏ စိတ်ထဲ၌ ပညာသင်ကြားရေး အကြောင်းသည် လှုပ်ရှားလျက် ရှိ၏။ ကျွန်ုပ်တို့အား ကြာမြင့်စွာ သွန်သင်ပေးနေသူ တစ်ဦးသည် လူများတို့အား မိန့်ခွန်းဟောပြောနေ၏။ ပညာသင်ကြားရေး အကြောင်းသည် သတ္တမနေ့ ဥပုသ် အသင်းသား တစ်စုလုံးကို စိတ်ပါဝင်စားစေရမည်ဟု သူက ပြောဆို၏။76T 162;CCB2 197.1

    အသင်းတော်၏ ကလေးသူငယ်တို့သည် ကျောင်းတက်ရာ၌ လည်းကောင်း၊ အခြားသော အဖွဲ့အစည်းတွင် လည်းကောင်း ပျက်စီးသော အကျင့်ဓလေ့များအားဖြင့် သြဇာညောင်းခြင်း မခံရမည် အကြောင်း၊ သူတို့အား ပညာသင်ကြားပေး၍ သွန်သင် လမ်းပြဖို့ရန် အသင်းတော်၌ ထူးခြားသော အလုပ် တစ်ခု ရှိပေသည်။ လောကတွင် အပြစ် ဒုစရိုက်များနှင့် လည်းကောင်း၊ ဘုရားသခင်၏ အမိန့်တော်ကို ဂရုမစိုက်သော အကျင့်များနှင့် လည်းကောင်း ပြည့်ဝလျက် ရှိ၏။ မြို့ကြီးများသည် သောဒုံမြို့ကဲ့သို့ ဖြစ်လာ၍ ကလေးသူငယ်တို့သည် နေ့စဉ် များစွာသော မကောင်းမှုများနှင့် ကြုံတွေ့နေရကြသည်။ လောကီ ကျောင်းများတွင် စာသင်နေကြသော သူတို့သည် မိမိတို့ထက် ဂရုမစိုက်ဘဲ နေခြင်း ခံရသော အခြားသူများ၊ ကျောင်းတွင် စာသင်ချိန်မှ လွဲ၍၊ လမ်းပေါ်၌ လေလွင့်နေခဲ့ကြသော သူများနှင့် မကြာခဏ ပေါင်းဖော်ရကြ၏။ ငယ်ရွယ်သော သူတို့၏ စိတ်သည် အလွယ်တကူ စွဲလမ်းတတ်ကြ၏။ ၎င်းပြင် သူတို့၏ ပတ်ဝန်းကျင်၌ မှန်ကန် ဖြောင့်မတ်သော သဘောများ မရှိလျှင်၊ စာတန်သည် ဂရုမစိုက်ဘဲ ထားခြင်းခံရသော ဤ ကလေးသူငယ်များအား၊ သာ၍ သေချာစွာ သွန်သင် လေ့ကျင့်ပေးခြင်း ခံရသော သူတို့ အပေါ်၌ သြဇာညောင်းစေရန် အသုံးပြုလိမ့်မည်။ ထိုသို့အားဖြင့် ဥပုသ်စောင့်သော မိဘများသည် အဘယ်သို့ ဖြစ်ပျက်သည်ကို မသိမီ၊ လွန်စွာ ဆိုးသွမ်းသော အမှုများကို သင်ကြားရကြပြီး သူတို့၏ ကလေးသူငယ်တို့သည် ပျက်စီးရကြလေသည်။CCB2 197.2

    မိမိတို့၏ သားသမီးများကို ပညာသင်ပေးရန် ရည်ရွယ်လျက် ကျွန်ုပ်တို့၏ ကျောင်းကြီးများ တည်ရှိသော အရပ်များသို့ ပြောင်းရွေ့သွားကြသော အိမ်ထောင် အများသည် မိမိတို့ နေရပ်၌ပင် နေမြဲနေကြခြင်းဖြင့် သခင်ဘုရားအတွက် သာ၍ ကောင်းသော အမှုကို ဆောင်ရွက်နိုင်လိမ့်မည်။ မိမိတို့သည် အသင်းသား အဖြစ် ပါဝင်သော အသင်းတော်အား အသင်းတော် ကျောင်း တစ်ကျောင်း တည်ထောင်ရန် အားပေးတိုက်တွန်းရကြမည်။ ထိုကျောင်း၌ မိမိတို့ ရပ်ကွက်တွင် ရှိသော ကလေးသူငယ်တို့သည် အလုံးစုံ သင်ပေးသော လက်တွေ့ ခရစ်ယာန် ပညာကို သင်ကြားပေးနိုင်သည်။ မိမိတို့ကို မလိုသောကြောင့်၊ ဝိညာဉ်ရေး၌ လှုပ်ရှားမှု မရှိလောက်အောင် အမြဲ သွေးဆောင်ခြင်းသို့ ကျရောက်စေသော အသင်းတော်ကြီးများသို့ သွားရောက်နေမည့် အစား မိမိတို့၏ အကူအညီကို လိုသော သာ၍ ငယ်သော အသင်းတော်တွင် နေမြဲနေလျှင်၊ မိမိတို့အတွက်၊ မိမိတို့၏ သားသမီးများအတွက် နှင့် ဘုရားသခင်၏ အမှုတော်အတွက် များစွာ သာ၍ ကောင်းလိမ့်မည်။CCB2 198.1

    ဥပုသ်စောင့်သော သူ အနည်းငယ် ရှိသော နေရာတိုင်း၌ မိဘတို့သည် စုပေါင်း၍ နေ့ကျောင်း တစ်ကျောင်းကို တည်ထောင်ထားလျှင်၊ မိမိတို့၏ ကလေးသူငယ်များ နှင့် ပျိုရွယ်သူတို့ကို ပညာ သင်ကြားပေး နိုင်သည်။ သူတို့သည် ခရစ်ယာန် ဆရာ တစ်ယောက်ကို အလုပ် လုပ်စေရမည်။ သူသည် ကိုယ်ကို ဆက်ကပ်ထားသော သာသနာပြုဆရာ အဖြစ်နှင့် ကလေးသူငယ်တို့အား သာသနာပြုဆရာများ ဖြစ်လာနိုင်အောင် လမ်းးညွှန်သော နည်းမျိုးဖြင့် ပညာသင်ပေးရလိမ့်မည်။8CT 173, 174;CCB2 198.2

    ကျွန်ုပ်တို့သည် မိမိတို့၏ သားသမီးများကို လောကအတွက် မဟုတ်ဘဲ၊ ဘုရားသခင်အတွက် မွေးမြူရန်၊ မိမိတို့ ကိုယ်ကို လောကထဲသို့ မရောက်ရှိစေဘဲ ဘုရားသခင်ကို ချစ်ခင် ကိုးစား၍ ကြောက်ရွံ့ရိုသေစေဖို့၊ ဘုရားသခင်၏ ပညတ်တော်ကို စောင့်ရှောက်စေဖို့ သွန်သင်ပေးရန် ဘုရားသခင်ထံ၌ အရေးကြီး၍ သန့်ရှင်းသော ပဋိာညာဉ်ကို ခံယူထားကြသည်။ သူတို့သည် ဖန်ဆင်းရှင်၏ ပုံသဏ္ဍာန်နှင့် အညီ ပြုပြင်ထားသည်ကို လည်းကောင်း၊ သခင်ခရစ်တော်သည် သူတို့ လိုက်နာ အတုယူအပ်သော စံနမူနာ ဖြစ်သည်ကို လည်းကောင်း၊ သူတို့သည် စိတ်ထဲ၌ အမြဲ စွဲမှတ်ထားရမည်။ ကယ်တင်ခြင်း အကြောင်းကို သိနားလည်စေ၍ အသက်တာ နှင့် အကျင့်စာရိတ္တတို့တွင် ဘုရားနှင့် တူညီလာစေရန် ပြုပြင်ပေးသော ပညာကို အထူး ဂရုစိုက်၍ သင်ကြားပေးရမည်။96T 127;CCB2 198.3

    အမှုဆောင်များ လိုနေသည်ကို ဖြည့်စွက်ပေးရန်၊ နောင် အကျိုးရှိမည်ဟု မျှော်လင့်ရသော ကျောင်းသား ကျောင်းသူများသည် အမျိုးမျိုးသော အတတ်ပညာများ နှင့် ကျမ်းစာ၏ သမ္မာတရားများကို သင်ကြားနိုင်မည့် ကျောင်းများကို နိုင်ငံ အရပ်ရပ်၌ တည်ထောင်ထားရမည်ဟု ဘုရားသခင်သည် အလိုရှိတော်မူ၏။ ဤ လူများသည် အမှုတော်ကို ဆောင်ရွက်ကြသောအခါ၊ အသစ်သော သာသနာနယ်များတွင် ခေတ်ကာလနှင့် ဆိုင်သော သမ္မာတရားကို ဟောပြောခြင်း အလုပ်၏ သဘောကို ထင်ရှားစွာ ဖော်ပြကြလိမ့်မည်။CCB2 199.1

    ကျွန်ုပ်တို့ အသင်း၏ ဋ္ဌာနချုပ်ဟောင်းများမှ သာသနာပြု ဆရာ အဖြစ် စေလွှတ်ရမည့် လူများအား ပညာသင်ကြားပေးရမည့် အပြင်၊ ကမ္ဘာ အရပ်ရပ်ရှိ လူများတို့အား မိမိတို့၏ တိုင်းရင်းသားများ နှင့် မိမိတို့၏ အိမ်နီးချင်းများအတွက် အမှုတော် ဆောင်ရွက်ရန် သွန်သင် လေ့ကျင့်ပေးရမည်။ ၎င်းပြင် တတ်နိုင်သမျှ၊ မိမိတို့ အမှုဆောင်ရွက်ရမည့် နယ်မြေတွင် ပညာကို လေ့လာ ဆည်းပူးဖို့ သူတို့အတွက် သာ၍ ကောင်းလျက် သာ၍ စိတ်ချရ၏။ အမှုတော်ဆောင် တစ်ယောက်သည် မိမိ၏ ပညာသင်ကြားရေးအတွက် ဝေးသော တိုင်းပြည် အရပ်ဒေသသို့ သွားရခြင်းသည် သူအတွက် သို့မဟုတ် အမှုတော် တိုးတက်ရေးအတွက် အကောင်းဆုံး ဖြစ်ခဲလှပေသည်။106T 137;CCB2 199.2

    အသင်းတော် တစ်ခု အဖြစ်၊ အသီးအသီးအတွက် ကျွန်ုပ်တို့သည် တရားစီရင်ရာ ကာလ၌ အပြစ် ကင်းရှင်းစွာ ရပ်နေလိုကြလျှင်၊ ကျွန်ုပ်တို့ အထဲ၌ အပ်ထားသော အမှုတော်ကြီး၏ ကိစ္စ အမျိုးမျိုးအတွက် ကျွန်ုပ်တို့၏ လူငယ်များသည် သာ၍ သင့်တော်မည် အကြောင်း ထိုလူငယ်တို့အား သွန်သင် လေ့ကျင့်ပေးရာတွင် ကျွန်ုပ်တို့သည် သာ၍ အားစိုက်လျက် ကြိုးစားရကြမည်။ မိမိတို့၏ အလုပ်ကို စိတ်အားကြီးခြင်းနှင့် လည်းကောင်း၊ သစ္စာနှင့် လည်းကောင်း ဆောင်ရွက်ကြမည့် ကျွမ်းကျင်သော အမှုတော်ဆောင်များ ကင်းမဲ့ခြင်းကြောင့်၊ သခင်ခရစ်တော်၏ အမှုတော်သည် ရပ်ဆိုင်းထားခြင်း မခံရမည် အကြောင်း၊ စွမ်းရည်သတ္တိနှင့် ပြည့်စုံသော သူတို့၏ ပင်ကိုယ် ဉာဏ်ကောင်းသော စိတ်သဘောကို တိုး၍ ခိုင်ခံ့စေ လျက် ကောင်းစွာ သွန်သင် လေ့ကျင့်ပေး၍ အမြတ်ဆုံးသော အဆင့်အတန်းသို့ ရောက်ရန် ပြုပြင်ပေးခြင်းငှါ၊ ကျွန်ုပ်တို့သည် စီမံကိန်းများကို သတိပညာနှင့် ပြုလုပ်ပေးရကြမည်။11CT 43;CCB2 199.3