Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    တစ်ဖြည်းဖြည်း အဆိပ် ဖြစ်စေသော ဆေးလိပ်၊ ဆေးရွက်။

    ဆေးလိပ်၊ ဆေးရွက်သည် ဖြည်းဖြည်း နှင့် လျှို့ဝှက်စွာ ပြုမူလျက် အလွန် ဖျက်ဆီးတတ်သော အဆိပ် ဖြစ်၏။ မည်သည့် နည်းမျိုးနှင့် မဆို ၎င်းကို အသုံးပြုသောအခါ၊ ၎င်းသည် ကိုယ်ခန္ဓာကို ထိခိုက်စေတတ်၏။ ၎င်းကြောင့် ထိခိုက်မှုသည် တစ်ဖြည်းဖြည်း ဖြစ်ပေါ်လာတတ်သဖြင့် ၎င်းသည် သာ၍ပင် ဘေး ဖြစ်စေတတ်သည်။ ပထမ၌ ၎င်း၏ ထိခိုက်မှုကို သိသာရန် ခဲယဉ်းပေ၏။ ၎င်းသည် အာရုံကြောများကို ထကြွစေပြီးနောက်၊ သေစေတတ်၏။ ၎င်းသည် ဦးနှောက်ကို အားနည်းစေလျက် မကြည်လင်စေတတ်၏။ မကြာခဏ ၎င်းသည် သေရည်သေရက်က ပြုတတ်သည် နည်းထက် အာရုံကြောများကို သာ၍ ပြင်းထန်စွာ ထိခိုက်စေတတ်သည်။ ၎င်းသည် သာ၍ လျှို့ဝှက်သဖြင့် ၎င်းကြောင့် ထိခိုက်မှုကို ကိုယ်ခန္ဓာထဲမှ ရှင်းရှင်း ဖျက်ဆီးရန် ခဲယဉ်းပေသည်။ ၎င်းကို သောက်ခြင်းဖြင့် သာ၍ ပြင်းသော အရက်ကို သောက်လိုသော ဆန္ဒကို နှိုးဆော်ပေး၏။ ၎င်းပြင် အများအားဖြင့် အရက်သောက်တတ်သော အလေ့ကို ဖြစ်စေရသော အခြေခံ ဖြစ်ပေသည်။CCB2 279.2

    ဆေးလိပ်၊ ဆေးရွက် သုံးဆောင်ခြင်းသည် သုံးဆောင်သော သူအတွက် မသက်သာ၊ အကုန်အကျများ၍ မသန့်ရှင်း၊ ညစ်ညူးစေလျက် အခြားသူတို့အား အနှောင့်အယှက် ဖြစ်၏။CCB2 279.3

    ကလေးများ နှင့် ပျိုရွယ်သူတို့ အထဲတွင် ဆေးလိပ်သောက်ခြင်းသည် မပြောနိုင်အောင် များပြားသော ဘေးဥပဒ်များကို ဖြစ်စေ၏။ လူကလေးများသည် အလွန် ငယ်ရွယ်သောအခါက စ၍ ဆေးလိပ်ကို သောက်စပြုကြ၏။ ထိုသို့သော အကျင့်သည် ဖြစ်ပေါ်လာ၍ ကိုယ်ခန္ဓာ နှင့် စိတ်တို့သည် ၎င်းကြောင့် ဖြစ်ပေါ်လာသော အမှုကို အထူးသဖြင့် သိရှိလာသောအခါ၊ ၎င်းသည် ကာ ယ အင်အားကို လျှို့ဝှက်စွာ ဖြိုခွင်း၍ ကိုယ်ကာယကို ပုညှက်စေလျက် စိတ်ကို ထိုင်းမှိုင်းစေပြီး အကျင့်စာရိတ္တကို ဖျက်ဆီးလေ၏။12MH 327-329;CCB2 279.4

    ဇာတိ မပါလျှင်၊ သဘာဝအလျောက် ဆေးရွက် ဆေးလိပ်တို့ကို အလိုအလျောက် မက်မောခြင်း မရှိချေ။CCB2 280.1

    လက်ဖက်ရည် နှင့် ကော်ဖီတို့ကို သုံးဆောင်ခြင်းအားဖြင့် ဆေးရွက် ဆေးလိပ်ကို သုံးဆောင်လိုသော ဆန္ဒကို ဖြစ်ပေါ်လာစေတတ်သည်။CCB2 280.2

    ဟင်းခတ် အမွှေးအကြိုင် အမျိုးမျိုးတို့သည် အစာအိမ်ကို ပူလောင်၊ ယဉ်းရောင်စေ၍ သွေးကို ပျက်စီးစေလျက် သာ၍ ပြင်းစွာ လှုံ့ဆော်တတ်သော အရာတို့ကို နှစ်သက်လာရန် လမ်းဖွင့်ပေးလေသည်။13Te 56, 57;CCB2 280.3

    အချို့သော မိခင်တို့က မိမိတို့၏ သားသမီးများအား သုံးဆောင်စေရန် အားပေးတတ်ကြသော အလွန်အမင် အရသာ ရှိသော အသားဟင်းများ နှင့် လက်ဖက်ရည် ကော်ဖီတို့သည် ဆေးလိပ်မှ စသော သာ၍ လှုံ့ဆော်တတ်သော အရာတို့ကို တောင့်တလာစေရန် လမ်းခင်းပေးတတ်ကြသည်။ ဆေးလိပ်သောက်ခြင်းသည် သေရည်သေရက်ကို ချစ်ခြင်းဖြစ်စေ၏။ 143T 488, 489;CCB2 280.4