Loading...
Larger font
Smaller font
Copy
Print
Contents

အသင်းတော်အတွက သြဝါဒများ။ II

 - Contents
  • Results
  • Related
  • Featured
No results found for: "".
  • Weighted Relevancy
  • Content Sequence
  • Relevancy
  • Earliest First
  • Latest First

    မှန်ကန်သော ဆုံးဖြတ်ချက်ကို ပြုရန် ဆုတောင်းခြင်း၊ ကျမ်းစာ လေ့လာခြင်းကို ပြုဖို့ လိုခြင်း။

    ဘုရားသခင် ခန့်ထားတော်မူခြင်းအားဖြင့်၊ မင်္ဂလာဆောင်ခြင်းသည် သန့်ရှင်းသော မင်္ဂလာ ဖြစ်၍ ဘယ်သောအခါမျှ ကိုယ်ကျိုး ရှာလိုသော သဘောနှင့် မပြုလုပ်ရ။ သူတို့ ပြုလုပ်နေသော လမ်းသည် ဘုရားသခင်၏ အလိုတော်နှင့် ညီညွတ်သည်ကို သိရှိမည် အကြောင်း၊ ဤ ကိစ္စကို ဆောင်ရွက်ရန် စဉ်းစားနေသော သူတို့သည် ကြည်ညိုသော စိတ်နှင့် လည်းကောင်း၊ ဆုတောင်းခြင်းနှင့် လည်းကောင်း၊ ထို ကိစ္စသည် အရေးကြီးသည်ကို ဆင်ခြင်လျက် ဘုရားသခင်၏ အကြံဉာဏ်ကို တောင်းရမည်။ ဤ အချက်နှင့် စပ်ဆိုင်၍ ဘုရားသခင်၏ နှုတ်ကပတ်တော်၌ သွန်သင်ထားသော အရာကို သေချာစွာ ဆင်ခြင်ရမည်။ ကျမ်းစာတွင် ညွှန်ပြထားသော အချက်များနှင့် ညီညွတ်စွာ အထူးသဖြင့် ပြုလုပ်သော မင်္ဂလာဆောင်ခြင်း အမှုကို ကောင်းကင်က နှစ်သက်တော်မူ၏။CCB2 17.4

    အေးဆေးတည်ငြိမ်စွာ ဆွေးနွေး ဝေဖန်အပ်သော အကြောင်းအရာ တစ်ခုမှာ ထိမ်းမြားမင်္ဂလာနှင့် ဆိုင်သော အကြောင်းအရာ ဖြစ်သည်။ လူများတို့အား တစ်သက်တာလုံး ပေါင်းသင်း ဆက်ဆံရေးကို မပြုစေမီ ကျမ်းစာကို အကြံဉာဏ် ပေးသော အရာ အဖြစ် အသုံးပြုဖို့ လိုပေသည်။ သို့ရာတွင် ဤကိစ္စများ၌ ထင်မြင်ချက်များအတိုင်း ပြုလုပ်နိုင်ကြသည်ဟု အယူ ရှိကြ၏။ ၎င်းပြင် အများ ကိစ္စတို့၌ ချစ်ဝေဒနာ လွှမ်းမိုးနေသော စိတ်အတိုင်း ပြုလုပ်မိသဖြင့် အဆုံး၌ ပျက်စီးခြင်းသို့ ရောက်ရကြ၏။ အခြားသော အရာများထက် ဤ အချက်တွင် လူငယ်တို့သည် အနည်းငယ် သတိပညာမဲ့ကြောင်း ပြကြ၏။ ဤအချက်၌ သူတို့သည် ဆွေးနွေးတိုင်ပင်ခြင်း အမှုကို ငြင်းပယ်ကြ၏။ ထိမ်းမြားမင်္ဂလာနှင့် ဆိုင်သော ပြဿနာသည် သူတို့ကို ဆွဲဆောင်နေသည်ဟု ထင်ရ၏။ သူတို့သည် ဘုရားသခင်၏ အလိုတော်ကို ဝန်မခံကြ။ သူတို့၏ အာရုံများသည် ချည်နှောင်ထားခြင်း ခံရ၍ သူတို့၏ အကြံအစည်ကို တစ်စုံတစ်ယောက်က ဖျက်ဆီးမည်ကို ကြောက်ရွံ့ချက် သူတို့သည် မိမိတို့၏ ကိစ္စကို လျှို့ဝှက်စွာ ပြုတတ်ကြ၏။CCB2 17.5

    အများသော သူတို့သည် ဘေးရောက်စေတတ်သော ဆိပ်ကမ်းထဲသို့ သင်္ဘောစီးသွားနေကြ၏။ သူတို့၌ ရေကြောင်းပြ လိုနေသည်။ မိမိတို့၏ သင်္ဘောကို လမ်းပြရန် ကျွမ်းကျင်သည်ဟု သူတို့သည် ထင်မှတ်ကြလျက် အလွန် လိုအပ်သော အကူအညီကို လက်မခံဘဲ ပြက်ရယ်ပြုကြသည်။ သို့သော် သူတို့၏ ယုံကြည်ခြင်းကို ပျက်စီးစေမည့် ကျောက်ဆောင်ကို ထိခိုက်မိတော့မည်ကို သူတို့သည် မသိရှိကြ။ သူတို့သည် နှုတ်ကပတ်တော် (ကျမ်းစာ) ကို ကြိုးစား၍ လေ့ကျက်ခြင်း မပြုကြလျှင်၊ ယခု ကာလ၊ နောင်ကာလအတွက်ပင် သူတို့ နှင့် အခြားသူတို့၏ ပျော်ရွှင်ခြင်းကို တားဆီးပိတ်ပင်မည့် အလွန် ဆိုးသော အမှားကြီး တစ်ခုကို ပြုမိကြလိမ့်မည်။CCB2 18.1

    ထိမ်းမြားမင်္ဂလာ မပြုမီ ယောက်ျား နှင့် မိန်းမတို့သည် တစ်နေ့လျှင် နှစ်ကြိမ် ဆုတောင်းလေ့ ရှိကြလျှင်၊ လက်ထပ်ဖို့ ကြံစည်ကြသော အခါသူတို့သည် တစ်နေ့လျှင် လေးကြိမ် ဆုတောင်းရကြမည်။ ထိမ်းမြားခြင်းသည် ဤ လောက၌ လည်းကောင်း၊ လာလတ္တံ့သော လောက၌ လည်းကောင်း သင်၏ အသက်တာကို ပြုပြင် သြဇာညောင်း၍ ထိခိုက်စေသော အရာ ဖြစ်လိမ့်မည်။CCB2 18.2

    ကျွန်ုပ်တို့ ခေတ်ကာလ၏ ထိမ်းမြားမင်္ဂလာ အများ နှင့် ၎င်းတို့ကို ကျင်းပပြုလုပ်နည်းတို့သည် နောက်ဆုံး ကာလ၏ နိမိတ်လက္ခဏာ တစ်ခု ဖြစ်လာကြ၏။ ယောက်ျား၊ မိန်းမများတို့သည် အလွန် စိတ်ခိုင်၊ ခေါင်းမာကြသဖြင့်၊ ပြဿနာတွင် ဘုရားသခင်ကို ပယ်ရှားထားကြ၏။ ဘာသာသည် ဤ အရေးကြီး သန့်ရှင်းသော ကိစ္စတွင် မသက်ဆိုင်သကဲ့သို့၊ ၎င်းကို ပယ်ထားကြ၏။CCB2 18.3